ဇူးဇူးမှာ ငယ်ငယ်တုန်းက ခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့နာမည်က သာထက်တဲ့
သူအမေရဲ့အလုပ်ကိစ္စကြောင့် ရန်ကုန်ကို သူ့အမေနဲ့အတူလိုက်သွားတာ 4နှစ်ရှိပြီ အခုတော့ မန္တလေးကို ပြန်လာနေမယ်ဆိုပြီး
ပြန်လာတာတဲ့လေ ဘေးအိမ်မှာ ပစ္စည်းတွေချပြီး အိမ်ကိုလဲ သေချာပြင်ဆင်နေတယ်
ဇူးဇူးကျောင်းကပြန်ရောက်တော့ အိမ်မှာ
ဧည့်သည်ရောက်နေတာနဲ့ အပေါ်ထပ်တက်ဖို့သွားနေတုန်း"သမီးရေ လာအုံး"
"ဟုတ်အမေ"
"ဒါသမီး ငယ်ငယ်က သူငယ်ချင်းလေ မှတ်မိသေးလား"
"ဘယ်သူ ....အော် သာထက် နင် ပြန်လာတာလား"
"အင်းဟုတ်တယ်"
"ကဲကဲ သမီးတို့ စကားပြောစရာရှိတာပြောအုံး အမေတို့လဲ လူကြီးတွေပြောစရာရှိလို့"
"ဟုတ်မေမေ"
ပြောပြီး ကျောင်းလွယ်အိတ်လေးကိုချပြီး အပြင်ကိုထွက်လာလိုက်တယ်
အိမ်ဝင်းထဲက ထိုင်ခုံပေါ်မှာ ထိုင်ရင်း
"သာထက် နင်မတွေ့ရတဲ့အတောအတွင်းတော်တော်ချောလာတာဘဲ အရပ်ကြီးကိုရှည်လို့"တကယ်ပြောတာပါ သာထက်က မတွေ့ရတဲ့အချိန်အတွင်းမှာ တော်တော်ချောလာတယ် ပြီးတော့ အရပ်ကလဲ ၅ပေ ၈လောက်ရှိမယ်
အရပ်ရှည်တာကြိုက်တဲ့ ဇူးဇူးရဲ့ type မျိုးပေါ့
"နင်လဲ လှလာပါတယ် ဇူးလေး "
"ဒီလောက်ချောနေမှတော့ ရည်းစားရှိတယ်မလား"
"ရှိတယ် ကျောင်းပိတ်ရက်တုန်းက ဖုန်းသုံးရင်းတွေ့တာ"
"ဝိုး နင့်လို ကြည့်ကောင်းတဲ့သူနဲ့ ရည်းစားဖြစ်ရတာ နင့်ကောင်မလေးက အရမ်းကံကောင်းတာဘဲ"
"မြှောက်ပင့်ပြောမနေနဲ့ငါလဲ လေထဲ ရောက်တော့မယ်"
"ဇူးလေးက တကယ်ပြောတာပါ"
"ငါ့ကောင်မလေးနဲ့တွဲတာ ၇လပြည့်တော့မှာ ငါအဲ့လောက်လဲ သူ့ကိုမချစ်ပါဘူး ဒီအတိုင်း တွဲနေရင်းအချိန်ကြာသွားတာ "
"ဟယ် ကောင်မလေးသနားပါတယ်"
"ငါ့သာမေးနေတာ နင်ရောရှိတယ်မလား "