Unstoppable (one shot)

1.8K 236 24
                                    


ဒီone shotလေးက ZSWW Fanclub က Piggy's favorite also Our's paradise (Donate project)လေးမှာ ပါဝင်ခဲ့တာလေးပါ။ပြန်တင်ခွင့်ပေးတဲ့ admin တို့နဲ့ ပါဝင်လှူဒါန်းခဲ့ကြ
တဲ့ စာဖတ်သူတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။

Unstoppable(one shot)

ဖျပ်! ဖျပ် ! ဖျပ် !

ကင်မရာဆလိုက်မီးရောင်များနှင့်အတူ ပါပါရာဇီများ
အပြင် ပရိတ်သတ်များက အဝင်ဝတွင် စုစုရုံးရုံးရောက်
ရှိနေကြလေပြီ။ယခုနှစ် International Film Festival
၏ After Party ကား ယခင်နှစ်များနှင့်မတူ။


Chinese - American သွေးနှော World wide Handsome Actor Sean Christopher William တတ်ရောက်
မည်ဖြစ်သဖြင့် ပို၍တိုးတိုးကြိတ်ကြိတ်ဖြစ်နေသည်။


မကြာမီ မည်းနက်ပြောင်လက်နေသော Rolls-Royce
Latest model Car တစ်စီးထိုးရပ်လာလျှင် လူအုပ်ကြီး
က ရှဲကနဲဆိုသလို ထိုနား အားလုံးစုပြုံသွားသည်။security
များစွာဝိုင်းရံလျက် ထိုလူသား ဆင်းလာချိန်တွင် အကုန်
မှင်သက်ကာ တဝိုးဝိုး၊တဝါးဝါး အော်ဟစ်ကုန်ကြတော့
သည်။


"Wow! Sean !" "Love you so much , Sean!"
"Sean Christopher William!!!!!"


6' 3" ရှိသည့် အရပ်အမောင်းနှင့်ခြေတံရှည်ကြီးက မြေ
ပြင်ပေါ်သို့ ဆင်းသက်ချိန်။black suit ကို shirtless ဝတ်
ထားသောvisualကြောင့် ကျစ်လစ်သန်မာသောခန္ဓာကိုယ်
ရှိ ပျားရည်ရောင်သန်းသောကြွက်သားအဖု၊အထစ်များ
ကို အတိုင်းသားမြင်နေရသည်။


ထိုမျှ သတ်ချရုံနှင့်မပြီးသေး။အညိုရောင် ဖန်ဂေါ်လီလုံး
များသကဲ့သို့ ကြည်လင်တောက်ပနေသော မျက်ဆံနှင့်
ခပ်ညှို့ညှို့မျက်ဝန်းအိမ်က တစ်ဖက်မှိတ်ပြပြီး ဖလစ်
ချသေးသည်။မည်းနက်မှောင်ချီသော မျက်ခုံးတစ်ဖက်
အပင့်။နီညိုရောင်သန်းသော နှုတ်ခမ်းတစ်စုံကမထိ့တထီပြုံးရယ်ပြလိုက်လျှင် လူအုပ်ကြီးမှာနှလုံးရောဂါရသွား
သည့်အလား။ ရူးသွပ်ကျန်ခဲ့ရတော့သည်။




" Don't smile ! It's so dangerous!" "so cool!"
"Sean! I'm crazy!!" "Darling! I would die for you!"


အော်ဟစ်ဆူညံသံများသည် ပါတီအဝင်ဝတွင်ကျန်ခဲ့သည်။
Seanက ပါတီထဲဝင်လာပြီးလျှင် သွေးကြောစိမ်းဖန့်ဖန့်များ
ထင်းနေသော လက်တစ်စုံနှင့် ဝိုင်နီတစ်ခွက်ကို ယူသောက်
သည်။ထို့နောက် အနီရောင်ကော်ဇောထက် တွဲက,ရန်
Christina lily ဆိုသော တတ်သစ်စမော်ဒယ်မလေးကို လက်ကမ်းပေးလိုက်လျှင် အံဩသံများနှင့်ပွဲကျသွား
လေတော့သည်။


You've reached the end of published parts.

⏰ Last updated: Feb 10 ⏰

Add this story to your Library to get notified about new parts!

Unstoppable [one shot]Where stories live. Discover now