အပိုင်း ၁၀

440 23 1
                                    

ပင်း တယောက် ငိုနေတာ မရပ်တော့..သူ အိပ်ခဲ့တဲ့ သူက တချိန်က သူသဘောကျခဲ့တဲ့ ကောင်မလေးရဲ့ အကို ဖြစ်နေတော့ ရှက်ကလည်း ရှက် အရင် ဘ၀ လည်းပြန်မရနိုင်တော့...
"ပင်း မှန်မှန်ပြော နင်သူ့ကိုကြိုက်လား"
"ကြိုက်ဘူး..ပထမစတွေ့တဲ့ နေ့ကတည်းက သူနဲ့ အဲ့လိုပဲ ဖြစ်ခဲ့တာ"
"ဒါဆို ဟိုတခေါက် နင် ပြေးလာတာ"
"အင်း ဟုတ်တယ် အဲ့ကိစ္စပဲ"
"နင့် အကိုရောသိလား"
"သိရင် သတ်မှာပေါ့ဟ..ငါ ဘယ်သူ့ကို ပြောပြရမှန်းမသိဘူးလေ ငါ..ငါ အာနဲ့ပဲ မင်း ဆီလာတာ"
ဒီလို ဆိုတော့လည်း မန်နာ တယောက် ပင်းကို သနားမိတယ် သူ လုပ်တာ လွန်များ လွန်သွားလား သူ့နဲ့ ဂျွန် အဆင်ပြေဖို့ အတွက်ပဲ သူကြည့်လိုက်မိတာလေ..ငိုနေတဲ့ ပင်း ကို ကြည့်ပြီး မန်နာ တယောက် စိတ်မကောင်းခဲ့..
"အရမ်း နာနေလား.."
"ဘာကိုလဲ.."
"ခုန ကလေ နင် ခံထားရတာ"
ပင်း လည်းမေးခံရတော့ ပိုရှက်ပြီး ပိုငိုပါလေရော..

"ဟယ် ဘာလို့ ငိုပြန်တာလဲ"
"မင်း ဒီလိုမေးတော့ ငါလည်းရှက်တယ်လေဟာ"
"အော် ဟုတ်သား..ဒါပေမယ့်ဖြေစမ်းပါဟ နာနေလား"
"မင်းအကို ကကြမ်း တယ်လေ နာတာပေါ့ဟ "
မန်နာ က ရယ်လိုက်ပြီး..
"နင် ငါ့အကို ကို သဘောကျလား"
"ဘာ မန်နာ!!"
"ငါက အစကတည်းက shipper လေ နင့်ကို တခြားကောင်တွေနဲ့ စာရင်တော့ ငါ့အကို နဲ့ဆို စိတ်ချတယ် အစကတည်းက နင်က စိတ်နုတာပဲဟာ.."
"ငါ သူ့ကို မကြိုက်ရဲဘူး တွေ့ကတည်းက ကြောက်လို့ သူပြောသမျှ လုပ်နေရတာ သူက ရုပ်တည်ကြီးနဲ့ သူ့သူငယ်ချင်းတွေက ပိုကြောက်ဖို့ကောင်းတယ်.."
"ဘာမှ ကြောက်စရာ မလိုဘူး ငါရှိတယ်.."
"နင် ဒီနေ့တော့ အေးအေးဆေးဆေးနားပြီး အိပ်လိုက်တော့ ပင်ပန်းထားတယ် ဆိုတော့လေ ငါ ကြည့်စီစဥ် လိုက်မယ်''
ပင်း တယောက် မန်နာ ပြောတဲ့ အတိုင်း သန်ရှင်းရေးလုပ်ပြီး ခန နားလိုက်တယ်..မန်နာ ကတော့ အပြင်ကနေ ဂျွန်တို့ဆီ ပြန်လာဖနု့ ဖုန်းဆက်လိုက်တယ်..တအောင့်ကြာတော့ ဂျွန် နဲ့ မင်းနစ်ချာတို့ပြန်ရောက်လာကြပါတယ်...
"ဘေဘီ .ပင်းပင်းရော"
"ငိုပြီး အိပ်သွားတယ်"
"ငိုတယ်!!!"
ဂျွန် နဲ့ မင်းနစ်ချာတို့ တယောက် ကိုတယောက် ပြန်ကြည့်ရင်း အော်လိုက်မိတယ်..
"ရှူး  တိုးတိုး ပင်း အိပ်ပျော်နေတယ်လေ"
"အင်း"
"ဒါဆို ဘာ ဆက်လုပ်ကြမလဲ ဘေဘီ"
" ဘေဘီ.. ကိုကြီး နဲ့ စကားပြောချင်တယ်.."
"ကိုကို ကရော "
"ကျန်ခဲ့ အခန်း သန့်ရှင်းရေး လုပ်ထား အမှိုက်တစက်ကျန်တာ မတွေ့ချင်ဘူးနော်"
"အေး..အေးပါ"
မန်နာ တယောက် မင်းနစ်ချာကို ခေါ်ပြီး အပြင်ကို ထွက်လာလိုက်တယ်..မင်းနစ်ချာကတော့ ဘာမှ ပြန်မပြောသေး..နည်းနည်းလေးတောင် ဟန်မပျက်..
"ကိုကြီး ပင်း ကို အပျော်ကြံနေတာလား"
"အဲဒါ ငါ့ကိစ္စပါ မင်းနဲ့ မဆိုင်ဘူး"
"ဆိုင်တယ် ဒါ ညီမ သူငယ်ချင်း "
"မင်းတွဲနေတာလည်း ငါ့သူငယ်ချင်းပဲလေ မဟုတမရင် မင်းလည်း သူ့ကို ဖြတ်လိုက်..ဒါဆို ငါလည်း သူ့ကို ဆက်မလိုက်တော့ဘူး"
"ကိုကြီး!!! သူ့ကို နည်းနည်းလေးမှ ချစ်တယ်လို့ မခံစားခဲ့ဘူးလား"
မန်နာ ပြောမှ မင်းနစ်ချာ တယောက် ပြန်တွေးကြည့်မိတယ်..ဖြစ်ခဲ့တဲ့ ၂ ကြိမ်စလုံးမှာ ပင်း ကို ခွင့်မတောင်းခဲ့.. သူ ပင်း ကိုတော့ သဘောကျတယ် ချစ်တာတော့ မဟုတ်ခဲ့ ဒါပေမယ့် ချစ်တယ် ဆိုတာကို လည်း သူ နားမလည်ပါဘူး သူ ပင်း ကို မတွေ့ရရင် တော့ ရင်ထဲက တမျိုးကြီးဖြစ်နေတာကို ခံစားမိတယ် ဒါက မန်နာ ပြောတဲ့  အချစ်ဆိုတာလား...
.................
မန်နာ သူ့အကို ကိုပြန်ကြည့်လိုက်တယ် သူ့အကို က ငယ်ငယ်ကတည်းက စာကလွဲရင် ခေါင်းထဲမှာ ဘာမှ မရှိခဲ့တဲ့ သူ.. ကြိုက်တယ်လို့ လာပြောတဲ့ မိန်းကလေးကိုတောင် အချစ်ဆိုတာ ဘာလဲ လို့ ပြန်မေးလိုက်လို့ ကောင်မလေး ခမျာ ရှက်ပြီး ကျောင်းပါ ပြောင်းပြေးသွားတယ်..
မင်းနစ်ချာ က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး..အကို ဆီက အသိအမှတ်ပြုတာကို လိုချင်လွန်းလို့ သူ့ညိမဆီ ချဥ်းကပ်တဲ့ သူတွေ အများကြီးပါပဲ ဒါပေမယ့် သူညိမကလည်း ခေတဲ့သူမှ မဟုတ်တာ တယောက်မှ လက်မခံ.. အကုန်မောင်းထုတ်ခဲ့တာ ဒါပေမယ့် ဒီတယောက်ကို တော့ သူ ကိုယ်တိုင် လိုက်ကာပေးနေတော့.......
"ကိုကြီး  ပင်း က တကယ် ဘာမှကို နားမလည်သေးတဲ့သူပါ ကနုကြီး သူ့ကို ချစ်တယ်ဆိုရင် ညီမ ​သူနားလည်အောင် ဖြည်းဖြည်းချင်းပြောပေးလို့ ရတယ် ကိုကြီး ညီမပြောတာ နားလည်လား"
"အင်း နားလည်တယ် ငါပြန်တော့မယ်"
တိုးညင်းလေးလံနေတဲ့ မင်းနစ်ချာရဲ့ အဖြေကို မန်နာ ကြားရတာ စိတ်တော့ မကောင်းပါဘူး ဒါပေမယ့် ဒီအတိုင်း လွတ်ပေးလိုက်လို့လည်း မဖြစ်သေးဘူးလေ အရင်ဆုံး ၂ ယောက်စလုံးကို ခန ခွဲထားမှ ရတော့မယ် ပင်း ကလည်း မင်းနစ်ချာ ကို ကြောက်နေတာပဲ သိတယ် ချစ်လား သဘောကျလား ဆိုတာ မသိသေး ဒီတော့  အချစ်ဆိုတာ ကို သူတို့ ၂ယောက် သိအောင် အရင် ကြိုးစားရအုံးမယ်....
.............

ex ရေးတဲ့ ဖူးစာWhere stories live. Discover now