အပိုင်း(၅၃)ရွှေရည်စိမ် ကြေးဗုဒ္ဓရုပ်ပွါးတော်၏လျှို့ဝှက်ချက်-၁

27 5 0
                                    

#၅၃) ရွှေရည်စိမ် ကြေးဗုဒ္ဓရုပ်ပွါးတော်၏
လျှို့ဝှက်ချက်-၁
#53)Secret of the Gilt Bronze Buddha-1
....................................................................
အင်း...ဟုတ်ပါပြီ..အဲဒါများ...ခင်ဗျားကိုယ်တိုင်
ဒီကိုလာပြီး ပြောနေရသေးတယ်ဗျာ..ကဲပါ..တစ်
ရက်ရက်မှ ခင်ဗျားတို့နှစ်ယောက်ကို ကျနော်..
ညစာလိုက်ကျွေးပါဦးမယ်..

သူ့စကားကြားတော့ ယာအေးရင်သည် သိသိသာသာပင် မျက်မှောင်ကုတ်လိုက်သည်။ သူတို့ကိုညစာလိုက်
ကျွေးမယ်လို့ ဟေးဂျင်ပြောသည့်စကားက အလုပ်မရှိတော့ရင်လည်း မင်းတို့ ပြန်ကြတော့လို့
နှင်လိုက်သလို အဓိပ္ပါယ်သက်ရောက်၍ ဖြစ်ပါသည်။

ငါ့ရဲ့ပညာကို အသိအမှတ်ပြုတဲ့အတွက် သူ့ကို
ကျေးဇူးတင်တယ်လို့ မင်း..အဖိုးကို ပြောလိုက်
ပါ..ရာဖြတ်ခကိုတော့ ငါ့အကောင့်ထဲသာ
ပို့လိုက်တော့..အဲ..ဆယ်လာဒွန်ကိုတော့.အခုအဲဒါက
တူးဖေါ် ရေးလုပ်တဲ့နေရာက ရေကန်မှာဆိုတော့
ဆေးကြောသန့်စင်ပြီး နည်းမှန်လမ်းမှန် စနစ်တကျနဲ့
ထိန်သိမ်းမှုတွေ လုပ်မှ ပျက်စီးမှုမရှိမှာဆိုတော့..
အဲဒါတွေပြီးမှသာ..လူတွေကို ချပြလို့ဖြစ်မှာ..
အဲဒါတွေလုပ်တာက အများဆုံး တစ်ပတ်လောက်တော့ ကြာမှာပဲ..ဒါ့ကြောင့် ဘာမှ စိတ်မရှည် ဖြစ်စရာ.....

ကျမ..သဘောပေါက်ပြီ..

ယာအေးရင်က မတ်တပ်ထရပ်လိုက်သည်။
အွန်ဟေးလည်း ထို့အတူပင်။

ရှင့် ပြတိုက်အတွက်..ကျမလုပ်ပေးစရာ ဘာမှမရှိတော့ဘူးပဲ..
ရှင်က ရှေးဟောင်းပစ္စည်း ကောင်းကောင်းတွေ
ဆယ် ရထားတာဆိုတော့..ရှင့်အတွက် အရာရာ
အဆင်ပြေလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်..

ကျေးဇူးပါဗျာ..

ဒါဆို..နောက်မှ ဆုံကြမယ်လေ..

သူတို့ပြန်သွားမှ ဗြောင်ဂွတ်က ရောက်လာ၍
သူ့ပခုံးကို အသာပုတ်ပြီး...

ဝိုး..အခုဆို မင်း..အနုပညာပြတိုက်တစ်ခုရဲ့
ဒါရိုက်တာ တစ်ယောက် ဖြစ်သွားပြီကွ..

အင်း..ပြတိုက်တော့ ပြတိုက်ပဲ..အတွင်းပိုင်းက
ဆောက်လုပ်ဆဲ ပြတိုက်တစ်ခုပေါ့..ဦးလေးရာ..
ဟားဟားဟား..ဒါနဲ့.ဦးလေးရေ..သူမ..ကတော့
ထုတ်မပြောသွားဘူး..ဒါပေမယ့်..ပြတိုက်ကိစ္စမှာ
ယူဆောင်ဂရုက..တိတ်တဆိတ် ကူညီခဲ့တာ
ကျနော်တော့..သေချာတယ်ဗျာ..ခွင့်ပြုချက်ကို
ဒီလောက်မြန်မြန်ရဖို့ မလွယ်ဘူး..ဦးလေးရ
ကျနော်တို့က အခု တေအန်းမှာ အတူလုပ်နေကြ
တာမဟုတ်လား..အဲဒါကြောင့် ကျနော့်ပြတိုက်သာ
အချိန်မီ မဖွင့်နိုင်ဘူး ဆိုရင်..သူတို့ ဒုက္ခရောက်
နိုင်တယ်ဗျ..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now