Un Zg Part 39

315 15 11
                                    

Unicode

🌹🌹
အလင်းတန်းတစ်ခုရဲ့နေရောင်ခြည်လေးကဖျာဖျာ၊အေးမြသော မနက်ခင်းအစရဲ့အလှပတစ်ခုပင်၊ ပြတင်းပေါက်ကနေတစ်ဆင့် နေရောင်ခြည်လေးက ထိုးသွမ်းလာသောကြောင့် ကောင်လေးနှစ်ယောက်အပေါ်မှာ ကျရောက်နေပြန်သည်။

"ထိုအလင်းနဲ့အတူအရင်နိုးလာပါသော အလှတရားလေး၊ဘေးဘက်က ကောင်လေးကိုကြည့်မိလေတော့...

"ငါ ငါ့စိတ်တွေမရတော့ဘူးထင်တယ် ဂျောင်ကု၊မင်းနမ်းရှိုက်တာကို ခံယူဖို့ ငါအဆင်သင့်ဖြစ်နေပြီ၊မင်းစိတ်ကြိုက် ငါ ခွင့်ပြုပေးမယ်။

"အား... ရူးတော့မှာပဲ ပတ်ဂျီမင်း"

"ညက ဂျောင်ကုကို အဲ့ဒီလိုတွေတောင်းဆိုခဲ့တာလား ၊မင်းက ပတ်ဂျီမင်းအစစ်မှဟုတ်ရဲ့လား၊ရှက်စရာကောင်းလိုက်တာ ငါ ဂျောင်ကုနဲ့မျက်နှာချင်း ဘယ်လိုဆိုင်ရမှာလဲ။

အိပ်ယာထတည်းက တစ်ယောက်ထဲ ပြန်သတိရကာ ပြောနေပါသော ကောင်လေးငယ်။

"တော်ပြီ ဒီထက်မတွေးရင် ကောင်းမယ်ထင်တယ် ရပ်။ ဆိုကာ ကိုယ့်ကိုကိုယ် သတိပေးလိုက်သည်။

"ခနသာကြာလေတော့....

"မင်"
ရုတ်သရက် နာမည်‌ခေါ်လိုက်လို့ လက်ထဲကအ၀တ်တွေတောင် ပြုတ်ကျသွားရသည်ထိ လန့်သွားရသည့် မင်။
"မင် အဲ့တာတွေကို ကိုယ်တိုင်ဘာလို့လုပ်နေတာလဲ၊မောင်ရှင်းပါ့မယ် လာ။
"ရ ရတယ် ငါ လုပ်နိုင်တယ်"

"မရပါဘူး မင်အဆင်မပြေဘူးမလား၊အဲ့အညစ်ကျေးတွေကို မောင်ပဲလုပ်လိုက်မယ် မောင့်ကိုပေး။
"မင်ထိုင်နေနော်။

ဂျီမင်းကို ထိုင်ခိုင်းစေကာလက်ထဲကအ၀တ်များကို ပါဆွဲယူလိုက်ပြီး။ညက

"ဂျောင် ဂျောင်ကု ငါမေးချင်တာလေးရှိလို့"
"ပြောလေ မင် မောင့်ကိုဘာမေးမလို့လဲ"
"ဟို ည ညက ငါဘက်ကစပြီးဖြစ်ခဲ့တာလား"
"အင်း"
"တကယ်ကြီးလား"
"ဟုတ်တယ် ဒါမဲ့...

စကားခနဖြတ်ပြီး ဂျီမင်းကို တစ်ချက်လှမ်းကြည့်၊တဖြည်းဖြည်းအနားသို့သွားပြီး။သူရှက်နေမှန်းလဲ ဂျောင်ကုသိ၏။

"မင်က စပဲစခဲ့တာပါ မောင်ကပဲဦးဆောင်ခဲ့တာ"
"မင်"
"မောင့်ကို ရှက်နေတာလား"
"ငါ ငါက ဘာကိုရှက်ရမှာလဲ"
"ညကကိစ္စကိုလေ"
"မရှက်ပါဘူး"

You've reached the end of published parts.

⏰ Last updated: Feb 09 ⏰

Add this story to your Library to get notified about new parts!

နှင်းဆီဆူးရဲ့မာယာWhere stories live. Discover now