part 3

640 87 9
                                    

မောင်ထံပါးမှ
Part 3

" ရုန်းမထွက်နိုင်သော ကွန်ငယ်..."

ရိပေါ အလုပ်ဆင်းတာ ၁ပတ်ကျော်သွားခဲ့ပေမယ့် အသားမကျနိုင်သေးသလို အခုထိ သူအထက်အရာရှိဖြစ်တဲ့ မောင့်ရဲ့အလိုကျမူကိုလည်း မခံစားသေး...တစ်ခါတစ်ခါဆို ရိပေါ မောင်ရဲ့ အဆူအပူခံရတာ များလွန်းလို့မထိန်းနိုင်တဲ့ အခါ သန့်စင်ခန်းကို အဖော်ပြုလို့​ကိုကျွေးရတယ်...ဒီနေ့လည်း မောင်လုပ်ခိုင်းတဲ့ data တွေက မနေ့ကတည်းကပြီးသွားပြီဖြစ်တယ် မနက်ဖန်မှပေးရမှာမို့စားပွဲခုံပေါ် ခဏတင်ထားတာ ပျောက်ချင်းမလှပျောက်သွားလေတယ်....ထူပူနေအောင် ​ရှာလည်းမတွေ့ခဲ့.....ခဏနေရင် တောင်းခံရတော့မယ်....ရိပေါ ဆူခံရမှာ ကြောက်လွန်းလို့ သန်စင်ခန်းထဲ အရင်စိတ်ဖြေနေရခြင်းဖြစ်တယ်....

နဂိုက အငိုသန်သူ ရိပေါ တော်တော်နဲ့ အငိုမတိတ်နိုင်တာ မို့အချိန်အတော်ကြာသွားတယ်.. မျက်နှာကိုရေနဲ့သစ်ပြီး သက်ပြင်းတစ်ချက်ချကာ ထွက်လာလေတယ်....

ရိပေါ သူစားပွဲနားမရောက်ခင်မြင်ရတာက မောင်က သူစားပွဲနားမှာ တစ်ခုခုကို ရှာနေသလိုပင် ရိပေါ ခပ်သွတ်သွတ်သွားကာ

"....ဘာရှာနေတာပါလဲ မန်နေဂျင်း..."

"....သြော် ပြန်လာပြီပေါ့...အခန်းထဲ ဝင်လာခဲ့..."

ရိပေါ စိတ်တိုနေတဲ့ မောင့်ကို ကြည်ရင်း ခြေဖျားလက်ဖျားတွေပါ အေးစက်လာသည်...သူ​ မောင့်ရဲ့ အဆူခံရမှာ ကြောက်ပါသည်....ဘယ်သူဆူဆူ ရိပေါ ကြောက်မှာ မှန်ပေမယ့် မောင်ဆူရင်တော့ ရိပေါ အားပါငယ်သည် ရင်ဘတ်ကြီးတစ်ခုလုံးနာကျင်ရသည် မို့ မောင် ဆူတာမခံချင်...
"#(ငါက မောင်အချစ်တွေပဲ လိုချင်တာမောင်ရဲ့ မဖြစ်နိုင်တော့မှန်းသိပေမယ့် ငါ​ မောင်ရဲ့ ကြင်နာတဲ့ စကားလေးတွေထပ်ကြားနိုင်မလားမောင်.#)

.....ပြော ခင်ဗျားအလုပ်လာလုပ်တာရောဟုတ်ရဲ့လား ဝမ်ရိပေါ ဟမ်...

........

.....အလုပ်နေရာက နေ ခင်ဗျားအဲ့လောက်အကြာကြီး ပျောက်သွားတာ အထက်လူကြီးဘယ်လောက်အထိ အခတ်တွေမလဲ ခင်ဗျားသိလား..."

"....တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး..."

".....ပြောလိုက်ရင် တောင်းပန်တယ်ပါးစပ်က မချဘူး လုပ်လိုက်ရင် ...ကျစ်..ထားတော့ ပေး ကျုပ်မနေ့က လက်စသတ်ခိုင်းထားတဲ့ data တွေ..."

မောင်ထံပါးမှ Zhanyi short fic zswwWhere stories live. Discover now