2

60 4 0
                                    

"သေချာရှင်းလိုက်လား"

"ဟုတ်ကဲ့ သံအမတ်ကြီး..ကလေးမကိုတော့ပြောထားတဲ့အတိုင်းရှင်းလိုက်ပါပြီ အမတ်ချွဲတို့လင်မယားကအခုခွဲစိတ်ခန်းထဲမှာ...."

"ကျိန်းသေကယ်!!ဟိုမိန်းမကဘာဖြစ်ဖြစ်ကိစ္စမရှိဘူး ငါ့သွေးသား..ငါ့သားကိုသေချာပေါက်အသက်ရှင်အောင်ကယ်လို့!!"

(1990ခုနှစ် ဆိုးလ်မြို့တော်ရဲ့လက်ရွေးစင်သံအမတ်ကြီး ချွဲယုံးဂျူ~)

ခိုင်မာခတ်ထန်တဲ့မျက်ဝန်းတွေနဲ့ ဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသားချထားတယ်။ငါတို့လိုသန့်စင်တဲ့မျိုးရိုးထဲ အငယ်အနှောင်းရဲ့သွေးမနှောသမီးကို မြေးမတစ်ယောက်အနေနဲ့ဘယ်တော့မှလက်မခံနိုင်ဘူး။

__

"လူကြီးမင်းတို့ရဲ့တောက်ပကောင်းမွန်တဲ့အနာဂတ်အတွက်!!"

ကြားရသူအဖို့ နဂိုမိုက်ခ်သံရဲ့အကျယ်အပြင် လှိုဏ်ထွက်‌နေတဲ့အသံသြသြကအားမာန်အပြည့်ရယ်နဲ့...

ဆင်တူဝတ်စုံတွေနဲ့လူအုပ်လိုက်ကြီး...
ဆိုင်းဘုတ်တွေ၊အလံတွေကိုင်ဆောင်ကာစင်ပေါ်က အမတ်လောင်းကိုတခဲနက်အားပေးနေကြတယ်။ဒီနှစ်တွေအတွင်း မြင်ပါများလို့မထူးဆန်းတော့တဲ့မဲဆွယ်ပွဲတွေပဲပေါ့။

"ပတ်ဂျီနမ်!! ပတ်ဂျီနမ်!! ပတ်ဂျီနမ်!!...."

အားပေးသံတွေကိုစင်‌ပေါ်ကနေလှိုက်လှိုက်လှဲလှဲခံယူရင်း ဘေးနားကုတ်အင်္ကျီအပြည့်နဲ့ရပ်နေတဲ့ 4နှစ်ခွဲအရွယ်သားလေးကိုပါ တစ်ခါထဲပွဲထုတ်တယ်။

"ပတ်ဆောင်းဟွန်း...ပြုံးလေ smile..."

မျက်နှာရူးဖေဖေကြောင့် ကလေးလေးလည်း trainထားတဲ့အတိုင်းပြုံးရပြန်ပြီ။လူတွေရှေ့ဆို သေတော့မယ့်အခြေအနေဖြစ်‌နေတောင် ပြုံးပြုံးလေးနေရမယ်လို့ ရိုက်သွင်းထားတာအလကားမှမဟုတ်တာ။
.
.
"ရှင့်ကိစ္စတွေပြီးပြီမလား ကျွန်မသူငယ်ချင်းတွေနဲ့ညစာချိန်းထားတာ နောက်ကျလို့မဖြစ်ဖူး"

ကားထွက်ခါနီးအဖေနဲ့အမေထပ်ပြီးရန်ဖြစ်ကြတော့မယ်ဆိုတာ ဆောင်းဟွန်းသိနေခဲ့တယ်။တကယ်ဆိုဆောင်းဟွန်းအမေက ဒီလိုစိတ်ရှုပ်စရာနေရာတွေလိုက်လာဖို့စိတ်ပါတာမှမဟုတ်ပဲ အမတ်လောင်းကတော်အနေနဲ့တာဝန်ကျေလိုက်ပေးရုံမလား။

TIAMODove le storie prendono vita. Scoprilo ora