Unicode

458 66 24
                                    

1938 ခုနှစ် ၊ မေလ 13 ရက် ၊ သောကြာနေ့။

အသိမပေးဘဲ ရွာချတတ်တဲ့မိုးဖြင့်
နာမည်ကြီးတဲ့ London မြို့လေးဟာ
ဒီနေ့လည်း မိုးတွေ ရွာနေခဲ့ပါတယ်။

ဒါပေမဲ့
သည်းကြီးမည်းကြီး မဟုတ်ဘဲ
ခပ်စဲစဲ မိုးကျဲလေးတွေပေါ့။

Baker Street မှာ ထီးကလေးတွေနဲ့
အစီအစီ သွားလာနေကြတဲ့လူတွေထဲမှာ
အသက် ၁၉ နှစ်အရွယ် ကောင်လေးတစ်​ယောက်လည်း
ရှိနေခဲ့ပါတယ်။

"သခင်လေး ထီးအပြင်ဘက်ကို ထွက်ထွက်မသွားပါနဲ့။
မိုးရေစိုပြီး ဖျားနာပါ့မယ်"

ထီးလိုက်မိုးပေးနေတဲ့ အဒေါ်ကြီးရဲ့စကားကို
အဲဒီကောင်လေးက မကြားတဲ့အတိုင်းပါပဲ။
စီးကရက်ပင် အသောက်မပြတ်။

အဲဒီနောက်
လိုက်မိုးပေးနေတဲ့ ထီးရိပ်ထဲမှ ထပ်ထွက်ဖို့
လုပ်ရင်း မမျှော်လင့်ဘဲ လူတစ်ယောက်နဲ့
တိုက်မိသွားခဲ့တယ်။

"ဟေ့ လူတစ်ယောက်လုံး ရှေ့မှာရှိတာ
မမြင်ဘူးလား?!"

ဒေါသနဲ့ အော်လာတဲ့ အဲဒီလူကို
သူ တောင်းပန်စကားပြောချင်ပေမဲ့
မော့ကြည့်မိတဲ့အချိန် မြင်ရတဲ့မျက်နှာကြောင့်
စကားလုံးတွေ တစ်ခုမှ ထွက်မလာခဲ့ပေ။

ချောလိုက်တာ။

အဲဒီလူက အညိုရောင် leather coat ရှည်ကို
ဝတ်ထားပြီး ရွှေရောင်ဆံပင်ရှည်တွေထက်မှာ
အနက်ရောင် ဦးထုပ်ရှည်ကိုလည်း ဆောင်းထားသည်။

သေချာပေါက် သူ့ထက် အသက်ကြီးလောက်ပေမဲ့
သူ့ထက်ပင် မျက်နှာပိုသေးပြီး အစိတ်အပိုင်း
တစ်ခုချင်းစီကလည်း စွဲလမ်းစရာဖြစ်တယ်။

ဒေါသနဲ့ မျက်ခုံးတို့ တွန့်ကြုတ်နေတာတောင်
ချောမောမှုဟာ မပျက်ယွင်းပေ။

"ပြောနေတာ မကြားဘူးလား? ဒီမှာ
အင်္ကျီ ဆေးလိပ်မီးထိသွားပြီ"

ထိုအခါ ကြည့်မိတော့မှ အတွင်းမှအင်္ကျီ​ဖြူဟာ
ဆေးလိပ်မီးတစ်ကွက် ပေါက်သွားတာကို သတိထားမိသည်။

"ကျွန်တော် တောင်းပန်ပါတယ်။
အင်္ကျီဖိုး ပြန်လျော်ပေးပါ့မယ်"

"ကျွန်မလည်း သခင်လေး Seungmin အစား
တောင်းပန်ပါတယ်ရှင့်"

လူကြီးဖြစ်တဲ့ အဒေါ်ကြီးပါ ကူတောင်းပန်ပေးတော့
ထိုလူက အနည်းငယ် စိတ်လျှော့သွားပုံရသည်။
သက်ပြင်းချရင်း လက်ခါပြသည်။

London RainHikayelerin yaşadığı yer. Şimdi keşfedin