"ဂျောင်ဂု အထဲမှာဘယ်သူမှမရှိဘူးလား"
ညနေပိုင်းမှဆိုင်ကိုလာခိုင်းတဲ့ဂျောင်ဂု ရောက်တော့လည်းဘယ်သူမှမရှိဘူး ဆိုင်တံခါးကလည်းဖွင့်ထားတယ် မီးတွေလည်းပိတ်ထားတယ် လူကဘယ်တွေရောက်နေတာလည်း တစ်ခုခုများဖြစ်လို့လား ထယ်ယောင်းစိုးရိမ်တကြီးဖုန်းဆက်ဖို့ ဖုန်းလေးထုတ်မယ်အလုပ် သူနောက်မှာတစ်ခုခုရှိနေသလိုကြီးခံစားနေရပြန်ရော ရှိသမျှအားတင်းပြီးနောင်လှည့်ကြည့်မယ်အလုပ် ဖွင့်လာတဲ့မီးလေးတွေနဲ့ သူ့ရှေ့မှာဒူးထောက်ပြီး ပန်းစည်းလေးကမ်းပေးလာတဲ့ဂျောင်ဂု ထယ်ယောင်းအံသြလွန်းလို့ မျက်ရည်ကျမတတ်...
"ဂျောင်..ဂျောင်ဂု .."
"မောင့်ရဲ့အချစ်တွေကို လက်ခံပေးပါလားထယ်"
"ဘာတွေပြောနေတာလည်း ညကပဲချစ်သူတွေဖြစ်သွားတာလေ"
"မဟုတ်ဘူး အခုကမောင့်ဘက်ကအရင်စပြောတာထယ် မောင့်အချစ်ကိုလက်ခံမယ်မလားလို့"
မျက်ရည်ကြားထဲက ခေါင်းလေးတငြိမ်ငြိမ့်နဲ့ဖြေနေတဲ့ မောင့်ရဲ့ဝက်ဝံ့ပေါက်စလေး
"အဲ့ဆိုမောင့်ရဲ့ ပန်းစည်းလေးယူတော့လေ မောင့်ရဲ့ဒူးတွေနာနေပြီ"
"အာ...ဟုတ်သားပဲ"
ပန်းစည်းလေးလက်ထဲရောက်တာနဲ့ ချက်ချင်းဒူးထောက်နေရာက ထပြီးလူကိုအတင်းရင်ခွင်ထဲဆွဲသွင်းတဲ့သူပါလေ
"ချလပ် ဝါးး ပုံထွက်ကောင်းသားပဲ"
"ဟမ် ဂျီမင်းပါရှိနေတာလား"
"အမယ် ကျွန်တော်တစ်ယောက်လုံးကိုတောင်မမြင်ဘူးပေါ့ ဘယ်မြင်ပါ့မလည်း နှစ်ယောက်သားသာယာနေတာကို"
"အာ..အဲ့လိုမဟုတ်ပါဘူး"
အရှက်သည်းနေတဲ့ထယ်ယောင်းကိုကြည့်ပြီးဂျီမင်းရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ် ရယ်လိုက်ရင်ပိုရှက်သွားမယ်မလား ထယ်ယောင်းကိုကြည့်ပြီး တစ်ဆက်ထဲတွေးမိတာက အကိုယွန်ဂီ သူရော ဒီကိစ္စသိရင်ဘယ်လိုနေမလည်းမသိဘူး
"ဂျီမင်း...ဂျီမင်းး မင်းဘာတွေတွေးနေတာလည်း"
"အယ် ဘာမှမတွေးပါဘူး"
YOU ARE READING
I want,,,......❣️
Fanfiction"တိမ်တွေကိုကြည့်ရတာ သဘောကျတာလား ထယ်" "အင်းပေါ့ မောင်ရဲ့.." ..............................................".TaeKook"................ "မင်းကငါနဲ့စေ့စပ်ထားတယ်ဆိုတာမေ့နေတာလား ထယ်ယောင်း" "တစ်ချက်လေးပဲ ကျွန်တော်ကိုငဲ့ကြည့်ပါ အကို ကျွန်တော်ကိုမြင်ပေးလို့မရ...