Part (30)

1K 52 2
                                    

Zee




🌼pann



Part (30)




ရက်လတွေပြောင်း ရာသီတွေပြောင်းလာပေမယ့် သားငယ်နဲ့ရတီကတော့ ထူးထူးခြားခြားပြောင်းလဲတာမျိုး မရှိခဲ့.. ။

သားငယ်က ပွေ့ဖက်နမ်းရှိုက်တတ်ပေမယ့်လည်း အဲ့ထက်သူမပိုခဲ့.. ။

နှစ်ယောက်ကြား ဆက်ဆံရေးက သူငယ်ချင်းလည်းမဟုတ်.. ဇနီးမောင်နှံလည်း မကျ.. ။

ရင်းနှီးကြပေမယ့် မရင်းနှီးတဲ့သူတွေ.. ။

ဒီလိုနေလာကြတာကိုလည်း နေသားကျနေခဲ့တာ..။

နှစ်ယောက်ကြား ရန်ဖြစ်စကားများတာမျိုး မရှိခဲ့ပေမယ့် တစ်ရက်တော့သူနဲ့အတိုက်ခံလုပ်ရတယ်..။

အကြောင်းက အဓိက major ရွေးချယ်ကြတဲ့အချိန်.. ရတီ OG ဋ္ဌာန ရွေးလို့ပါသတဲ့.. ။

" OG မရွေးရဘူး.. တခြား ဋ္ဌာန ယူ.. OG ကလွဲရင် ကြိုက်တဲ့ ဋ္ဌာနယူ.. ငါ ဘာမှမပြောဘူး.. "

" OG ရွေးလည်း ဘာဖြစ်လို့လဲ.. ငါ OG ပိုင်းကိုပဲယူချင်တာ.. "

" ရွေးစရာ အများကြီးထဲမှာမှ OG ဖြစ်မှလား.."

" ဘာလို့ ငါ့က OG ရွေးလို့မရရမှာလဲ.. "

" နင်ကရော OG မဖြစ်ရင် မရဘူးလား.. "

ကျောင်းမှာကတည်းက OG ရွေးလို့ မျက်နှာစူပုတ်ပြီး စကားကောင်းမပြော.. ။

ခု အိမ်ပြန်လမ်း ကားပေါ်မှာ ဒီအကြောင်းပဲ ပြောလာပြန်တယ်.. ။

OG ရွေးချင်လို့ OG အပိုင်းပဲ ရွေးခဲ့ပြီးပြီ.. ။

OG ရွေးတာကိုပဲ သူဘာလို့အဲ့လောက်ဖြစ်နေမှန်း နားကိုမလည်ဘူး.. ။

" ငါ နင် GS ရွေးတာတောင်ဘာမှမပြောဘူး.. နင်ကဘာလို့ ငါ OG ရွေးတာကို တားနေရတာလဲ.. "

" ......... "

ကားမောင်းနေရင်းက မျက်လုံးစိမ်းစိမ်းနဲ့လှည့်ကြည့်လာပြန်တယ်.. ။

" OG ပိုင်းကို ဘာလို့ယူချင်တာလဲ.. "

" နင်ကရော GS ပိုင်းကို ဘာလို့လိုချင်တာလဲ.. "

မဖြေချင်တော့.. ။

လူကို လိုက်ကတ်နေတာကို အမြင်မကြည်လာတော့ စကားလည်းကောင်းကောင်းမပြောချင်..။

Zee (Unicode) Where stories live. Discover now