Part 6 🚨

3.1K 103 0
                                    

မေကြီးရက်လည်ပီးတော့ ယွန်းဟာ မေကြီးအခန်းထဲတွင်သာနေဖြစ်သည် မေကြီး ရဲ့ကုတင်အောက်ကစာအုပ်လေးကိုယွန်းဖတ်ပီး ဖေဖေ့ကိုနာကျည်းမိသလို ကိုယ့်ကိုလဲမုန်းသည်

မွေးရာပါနလုံးရောသည်မေမေဟာ ဖေဖေရဲ့လိမ်ညာမှုတွေကြား မယားငယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ရှင်သန်ခဲ့ရတယ် ဒီကြားထဲ ယွန်းကိုအသက်စွန့်ပီးမွေးပေးခဲ့သည်တဲ့လား

မေကြီးဟာလဲ ‌ယွန်းအတွက်အရာအားလုံးဖြည့်ဆည်းပေးခဲ့သည် နောက်ဆုံးထွက်သက်ထိယွန်းကိုချစ်ပေးခဲ့သည် ယွန်းကိုဖေဖေ့နားမာအကြိမ်ကြိမ်တောင်းခဲ့တာကိုဖေဖေကမပေးခဲ့ဘူးတဲ့လား မပေးတော့ရော ယွန်းကိုပေါ်တင်တောင်ချစ်ရဲလို့လား ယွန်းဖျားနေရင်တောင်ဂရုစိုက်နိုင်လို့လား

ဒေါက် ဒေါက် ဒေါက်

"သမီး အောက်မှာဧည့်သည်တွေရောက်နေတယ်"

"ယွန်းထွက်မတွေ့ပါရစေနဲ့လား ကြီးမြရယ် "

"ငယ်လေး မမပါ ဖေဖေတို့လဲပါတယ်"

"ဘာ!"

ယွန်းဟာတံခါးကိုဆောင့်ဖွင့်ပီး အောက်ထပ်သို့အမြန်ဆင်းသွားလိုက်သည်

"သမီးလေး"

"မခေါ်နဲ့ သမီးလို့မခေါ်နဲ့ ယွန်းမေမေသေရတာဖေဖေ့ကြောင့် "

"ဖေဖေတောင်းပန်ပါတယ်ကွယ် ဖေဖေမိုက်ပြစ်တွေပါ "

"ရိုးသားတဲ့ယွန်းမေမေကို လူပျိုယောင်ဆောင်ပီး
ဗိုက်တစ်လုံးနဲ့ပစ်ခဲ့တယ် နလုံးရောဂါသည်မေမေကယွန်းကိုအသက်နဲ့လဲပီးမွေးခဲ့တာ ယွန်းကြောင့်မေမေသေရတာ အားးးး ခွမ်း"

ဘေးကပန်းအိုးကိုလက်နဲ့ရိုက်ခွဲလိုက်တာကြောင့်ယွန်းလက်တစ်ခုလုံးသွေးများရဲတောက်နေသည်

"ငယ်လေး လက်မာသွေးတွေ "

" အခုယွန်းမာမေမေကောမေကြီးကောမရှိတော့ဘူး ဖေဖေကျေနပ်လား မကျေနပ်သေးရင်ယွန်းကိုသတ်သွားလိုက်"

" သမီးလေး
ဖေဖေ တောင်းပန်ပါတယ်ကွယ်"

အိမ်ထဲဝင်ရန်ပြင်နေတဲ့ဒေါ်နွယ်ဖူးအောင်ရဲ့ခြေလှမ်းတွေဟာရပ်တန့်သွားရသည်
ယွန်းလေးက‌ေမ‌ေမ့ကိုမုန်းနေမာပေါ့
မေမေယွန်းလေးကိုချစ်ခဲ့ပါတယ်ကွယ်
ချစ်တာကိုထုတ်မပြခဲ့တာပါကွယ် မေမေရက်စက်ခဲ့တာတွေတွက်တောင်းပန်ပါတယ်ကလေးရယ်

ဓူဝံကြယ်လေး (Completed)Where stories live. Discover now