၄၃

1K 169 0
                                    

အပိုင်း ၄၃

“ လူတွေက မင်း ဘယ်မှာ မော်တော်ဆိုင်ကယ် သွားစီးသလဲဆိုတာကို မသိကြဘူး။ အနှစ်ချုပ်လိုက်ရရင်တော့ ဒါက အကွက်ကောင်းဖြစ်လိမ့်မယ်။ မင်းအတွက် ဘောနပ်ပေါ့”

“ ကျွနတ်တော်က ခင်များတို့အမီ မလိုက်နိုင်မှာပဲ စိုးတာ”

ပရိုဂရမ်အဖွဲ့ကလည်း သည်လိုစကားမျိုး ကြားဖူးးသလိုလိုလို…. ခံစားလိုက်ရသည်။

တခါက ဟူရင်းက ဖေးရွှီနှင့် အတူလိုက်ပြေးချင်သည့်အခါဖေးရွှီက ထိုသို့ပြောဖူးသည်။

ကင်မရာသမား:” ဘယ်လောက်မြန်မှာလဲ”

နှစ်စက္ကန့်ခန့်ကြာပြီးနောက် ယန်ကျစ်က အင်ဂျင်သံကိုသာ ချန်ထားရစ်ခဲ့ပြီး ပျောက်ကွယ်သွားသည်။

ကင်မရာသမားက အသက်ရှူရပ်မတတ်ဖြစ်နေသည်။ သူ၏မျက်လုံးထဲတွင် မနာလိုမှုနှင့် စိတ်ရှုပ်ထွေးမှုများကို မြင်နိုင်သည်။

“အခုဆိုရင် လူတိုင်းက ဖေးရွှီကို အတုခိုးနေကြပြီပေါ့လေ”

ဟာလေးကို စီးသည့် ယန်ကျစ်က ဥက္ကာခဲတစ်ခုလို ပင်လယ်ကမ်းခြေတောက်လျှောက်ဖြတ်သန်းသွားပြီး ဖုန်လုံးများကို ချန်ထားရစ်ခဲ့ကာ ဝေးသထက် ဝေးသွားသည်။ အပြာရောင် ကောင်းကင်…အပြာရောင ်ပင်လယ်…. ပင်လယ်ဌက်တွေရဲ့ အော်သံ

အရှိန်နှုန်းနဲ့ပြင်းပြတဲ့ စိတ်ဆန္ဒ… အရမ်းကို အန္တရာယ်များတဲ့အထိ မြန်ဆန်နေတဲ့ အရှိန်နှုန်း
မော်တော်ဆိုင်ကယ်တွေက ဂိမ်းလိုပဲ….လူမဆန်မှုနဲ့ ရူးသွပ်မှုတွေကနေ သောက်ကျိုးနည်းလောက်အောင် ကောင်းမွန်တဲ့ သာယာမှုကို ပေးတယ်

အက စင်မြင့်ပေါ်တွင်…. ကျိုင်ရှင်းချန်က စည်းချက်အလိုက် ကနေသည်။ သူ၏ ခန္ဓာကိုယ်က ကြယ်ပျံလေးလိုပဲ… သူက တစ်ပတ်လှည့်လိုက်ချိန်၊ ခုန်တက်လိုက်ချိန်၊ နောက်ပြန်လှည့်လိုက်ချိန်၊ ခုန်တက်လိုက်ချိန်…… လှုပ်ရှားမှုတိုင်းက ရမ်းခါနေစေပြီး သူရဲ့ပါးပြင်တွေကလည်း နီရဲလို့ ချွေးစို့လာတယ်။

ဖေးရွှီက ကျိုးလန်နှင့် ဖုန်းပြောနေသည်။

မနက်စောစောတွင် ပရိုဂရမ်အဖွဲ့က ကျိုးလန်ကို ဖုန်းခေါ်ပြီး နှင်းဆီအကြောင်း ပြောပြသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now