၄၄

908 156 0
                                    


    အပိုင်း ၄၄

ရှစ်ယောက်ထဲမှာ ကျိုင်ရှင်းချန်ကပဲ ချက်တတ်တယ်ဆိုတော့ ကျန်တဲ့ ခုနှစ်ယောက်ထဲက ချက်တတ်တဲ့ ဘယ်သူမဆို ကျိုင်ရှင်းချန်နဲ့ အဆက်အသွယ်လုပ်နိုင်ဖို့ အခွင့်အရေးများတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ

သူ တစ်ရက်ထဲနဲ့ အများကြီး သင်လို့မရဘူး.. တစ်ရက်ကို တစ်မျိုးပဲ သင်ဖို့လိုတယ်

စာဖိုမှူးက ခေါင်းမှစီးကျလာသည့် ချွေးကို သုတ်သည်။
“ မင်း … မင်း ဒီလောက် ကြမ်းကြမ်းကြီး မွှေဖို့ မလိုဘူး”

ဒီလူက အားကြီးလိုက်တာ

ဟော့ချန်းက အားအင်အပြည့်နှင့်ဖြစ်နေသည်။

ကျိုင်ရှင်းချန်အတွက်ကြောင့် သင်ယူနေသည့်အဖြစ်ကို တွေးမိတိုင်း သူက အားအင်အပြည့်နှင့် တက်ကြွသွားသည်။

ညနေခြောက်နာရီတွင် ဟူရင်းက ကျုံးဝူ၏ တောင်ဘက်ဂိတ်သို့ကွက်တိ ရောက်လာသည်။ 

ကျိုင်ရှင်းချန်ကလည်း တံခါးမှ ထွက်လိုက်သည်နှင့် ဟူရင်းကို လှမ်းမြင်လိုက်သည်။ဟူရင်းက အတန်းဖော် တော်တော်များများက ကျိုင်ရှင်းချန်ကို လှမ်း၍ စနောက်ကြသည်။ထိုသို့ဖြင့် ထိုနေရာက လူစည်သွားသည်။

အပြာအနီသင်္ကေတကို တိုက်ရိုက်ထုတ်လွှင့်မှုအနေဖြင့် အကြိမ်ရေ အနည်းငယ် လွှင့်ခဲ့ဖူးသော်လည်း နက်ဝေါ့တွင် တရားဝင် မထုတ်လွှင့်ရသေးသောကြောင့် လူအများစုက ထိုရှိုးကို မသိသေးချေ။ ပုံမှန်အားဖြင့် ကျိုင်ရှင်းချန်ကလည်း ကျောင်းတွင်ရှိနေသည့်တိုင် မည်သူမျှ သူ့ကို မမှတ်မိကြချေ။ သို့သော် ယခုလို ရုတ်တရက် စည်ကားနေသော မြင်ကွင်းမျိုးကို မြင်လိုက်ကြလေရာ သူ့ကို သတိထားမိသွားကြတော့သည်။

ဟူရင်းက သူ့ကို အဝေးမှလှမ်းမြင်လိုက်ပြီး စိတ်လှုပ်ရှားစွာ လက်ရမ်းပြသည်။

ကျိုင်ရှင်းချန်လည်းေ ရွးချယ်စရာမရှိဘဲအနားသို့ လျှောက်သွားလိုက်ရသည်။

ဟူရင်းက လူအများက ရပ်ကြည့်ပြီး ဓာတ်ပုံရိုက်စေသည်အထိ ဖြစ်စေသည့် အဓိက အချက်က သူက လှပြီး အဆင့်အတန်းမြင့်သော အရှိန်အဝါ ပုံစံကို ထုတ်လွှတ်နေသောကြောင့် မဟုတ်ချေ။အကြောင်းမူကား သူ၏ အနောက်မှ ကပ်လိုက်ပါလာသည့် ကင်မရာမန်းနှစ်ယောက်ကြောင့် ဖြစ်သည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now