၄၅

1.4K 211 7
                                    


   အပိုင်း ၄၅

ဟူရင်းက ရယ်နေသည်။ လက်တဖက်က ပန်းရောင်ယုန်ရုပ်ကို ကိုင်ထားပြီး အခြားတဖက်က ဆံပင်ကို တချက်ဖွလိုက်သည်။
“ သူနဲ့ သူ့ကောင်မလေးက အခု ပြည်ပမှာလေ။ ဘွဲ့ရပြီးကာစဆိုတော့ လက်ထပ်တော့မှာပေါ့။ မိသားစုကလည်း ကောင်းတယ်လေ။ ကောင်မလေးက ပိုင်ဖူးမိန်၊ နှစ်ယောက်သားက တအားချစ်ကြတာ။ သူက ငါ့ကို အကောင်းဆုံးအမျိုးသားဖြစ်စေချင်တယ်လို့ ပြောခဲ့သေးတယ်”

ကျိုင်ရှင်းချန်က ခေါင်းညိတ်သည်။

ဟူရင်း:” မင်းရဲ့အမူအယာက ဘာလဲ”

“ ကောအတွက် စိတ်မကောင်းဖြစ်နေတာ”

“ အဲဒိခံစားချက်က အဆုံးသတ်သွားခဲ့တာ ကြာခဲ့ပြီ။ ငါ အခု သူ့ကို ပြန်တွေ့ရင်တောင် သူငယ်ချင်းလို ခံစားချက်ပဲရှိတော့မှာ။ဆယ်ကျော်သက်အရွယ်ကတော့ ငါ သူ့ကို တကယ်ချစ်ခဲ့တာ။ ငါရဲ့ဘဝမှာ ဘာမှမလိုအပ်ခဲ့ဖူးဘူး။ လူတိုင်းကပဲ ငါ့ကို လိုက်ပိုးကြတာ။ ဒါပေမဲ့ ငါတကယ် သဘောကျတဲ့သူကျ ငါ့ကို သဘောမကျဘူး”

ဟူရင်းက လက်ညိုးကို ဆန့်ထုတ်ကာ မျက်နှာထားတည်တည်ဖြင့် ပြောသည်။
“ တစ်ကြိမ်ပဲ ရှိခဲ့ဖူးသေးတယ်”

“မင်း တစ်ယောက်ယောက်ကို ကြိတ်သဘောကျဖူးလား။ မင်းက သဘောကျပေမဲ့ မင်း မရနိုင်တာမျိုးလေ”
ဟူရင်းက မေးသည်။

ကျိုင်ရှင်းချန်က ခေါင်းခါသည်။

ဟူရင်းကကိုယ့်ကိုယ်ကိုယ် ရယ်သည်။ထို့နောက် သူ့ကို လေးနက်သောမ ျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
“ ထားလိုက်တော့ မင်းက ကြက်ပေါက်လေးပဲ”

ကျိုင်ရှင်းချန်လည်း ရယ်လိုက်သည်။

ကျိုင်ရှင်းချန်က သူ့ကို နုူးညံ့စွာ ရယ်ပြသည်။ သူ၏ အပြုံးက တည်ငြိမ်သည်။ သူက ယခုလေးတင် ပြောခဲ့သော စကားကြောင့် သူ့ကို နှစ်သိမ့်ပေးချင်စိတ်လည်း ပါလောက်သည်။ အမှောင်ထဲတွင် သူတို့က တစ်ယောက်မျက်နှာ တစ်ယောက် ရှင်းရှင်းမမြင်နိုင်ကြချေ။ဟူရင်းက ရုတ်ချည်းဆိုသလို သူ၏(ရှင်းချန်)စစ်မှန်သော ခံစားချက်များကို ခံစားလိုက်ရပြီး ရိုးသားစွာ ပြောလိုက်သည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now