၄၆+၄၇

995 155 3
                                    


အပိုင်း၄၆

“ဒီနေ့ ဘာလုပ်မှာလဲ”
လင်းချင်နင်ကမေးသည်။

“ပြောလို့ရလို့လား”

“အဖွဲ့က လျှို့ဝှက်ချက်တွေပြောခိုင်းထားတယ်မဟုတ်လား”

ဖေးရွှီကလက်အိတ်ကိုချွတ်လိုက်သည်။
“အဲ့ဒီအကြောင်းမပြောချင်ဘူး”

“ကောင်းပြီလေ၊ လျှို့ဝှက်ဒိတ်လုပ်ဖို့သဘောတူခဲ့တာ၊ ဒါပေမယ့် လူတိုင်းကသိထားပြီးပြီလို့ထင်ပါတယ်”
ဟူရင်းက ရှင်းပြသည်။

“ဒါဆိုရင် မင်းတို့ကိုနောက်ကျမှ အိမ်ပြန်လာဖို့ ဘယ်သူက ပြောထားလဲ”
ဟော့ချန်းက ခပ်တိုးတိုးဝင်ပြောသည်။

ဟူရင်းတို့ကလည်းဖုံးကွယ်မနေချင်ကြချေ။ သူတို့ကလည်း တစ်ဖက်သူ ကြားကြား မကြားကြားဂရုမစိုက်ချေ။ ဟူရင်းက သည်အတိုင်း သူ၏ပန်းရောင်ယုန်ရုပ်လေးကိုကိုင်ကာ အပေါ်သို့တက်သွားသည်။ ကျိုင်ရှင်းချန်ကမူ သန့်ရှင်းရေးလုပ်ပြီးကာစဖြစ်သဖြင့်ချွေးပြန်နေလေရာ အခန်းထဲသို့ပြန်ပြီးရေချိုးသည်။

သူတို့နှစ်ယောက်က ဒိတ်တွင် အချိန်ကောင်းတစ်ခုကိုပိုင်ဆိုင်ခဲ့သလိုမျိုး ပျော်စရာကောင်းခဲ့ဟန်ရသည်။ သွမ့်ရီဟွားက အနည်းငယ်ဆုံးရှုံးလိုက်ရသလိုခံစားလိုက်ရသည်။

ဟော့ချန်းကမူ ထိုသို့မခံစားရဘဲ ဒေါသအနည်းငယ်သာထွက်နေသည်။ သို့သော် သူ မည်သူ့ကိုဒေါသထွက်နေကြောင်းလည်းမသိချေ။
ယန်ကျစ်ကမူပန်းရောင်ယုန်အကြောင်းကိုသာ တွေးနေသည်။

ဖေးရွှီကမူ ညစ်ပတ်သည်ဟုခံစားရသဖြင့် ကျိုင်ရှင်းချန်၏အနောက်မှလိုက်ကာအခန်းထဲသို့ဝင်သည်။

ကျိုင်ရှင်းချန်က မြေပြင်တွင်ဆောင့်ကြောင့်ထိုင်ကာ ခရီးဆောင်အိတ်ထဲမှ အဝတ်များကိုယူနေသည်။ ထိုအချိန်တွင်တစ်စုံတစ်ယောက်ဝင်လာကြောင်းသတိထားမိသဖြင့်မော့ကြည့်လိုက်လေရာ ဖေးရွှီကိုမြင်ရသည်။

“မင်းက ယုန်တွေကိုအရမ်းသဘောကျတာပဲလား”
ဖေးရွှီက မေးသည်။

ကျိုင်ရှင်းချန်က အံ့အားသင့်သွားသည်။
“ကောဘယ်လိုသိလဲ”

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now