အပိုင်း ၈

732 108 1
                                    

Unicode

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

အပိုင်း ၈





လင်းဝေ့လည်း ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။ " ရှင်ပြောတော့ ကျွန်မ အိမ်ပြုပြင်တာနဲ့ အိမ်သာဆောက်တာက ဖြုန်းတာဆို။ ဒါနဲ့ ကျွန်မက အိမ်ပြုပြင်တာ အိမ်သာ သက်သက်ဆောက်တာက ဖြုန်းတာဆိုရင် ပြုပြင်စရိတ်ဖြတ်သင့်တဲ့ အကြောင်းပြောတော့ ရှင်က အာ့လိုပြောချင်တာ မဟုတ်ဘူးဘပြောပြန်တယ်။ ဒါဆို ကျွန်မ နားမလည်နိုင်တော့ဘူး။ ရှင်က အိမ်ပြုပြင်တာနဲ့ အိမ်သာဆောက်တာကို ဖြုန်းတယ်လို့ထင်တာလား ဒါမှမဟုတ် ကျွန်မကို အပြစ်ရှာနေတာလား" 

ကောင်းရှို့လျန်က သူမ ပြောခဲ့သည်များကို ဝန်ခံမည်မဟုတ်ချေ။ သူမ ခေါင်းငြိမ့်ဝန်ခံလိုက်သည်နှင့် လူအတော်များများကို စိတ်အနှောက်အယှက် ပေးမိလိမ့်မည်။ သူမ ယောက်ျားက ဒုတပ်မှုးဖြစ်လျှင်ပင် ဤကိစ္စကို ဝန်ခံရန် မဖြစ်နိုင်ချေ။ ဤကိစ္စပျံ့နံ့သွားလျှင် သူမ သိက္ခာသည်လည်း ရစရာရှိတော့မည် မဟုတ်ချေ။

နောက်ဆုံးတွင် ကောင်းရှို့လျန်သည် အိမ်ရှိကိစ္စတစ်ခုခုအကြောင်းပြကာ သူမအိမ်ဆီ ပြန်သွားတော့သည်။ 

ကောင်းရှို့လျန် ပြန်သွားပြီးနောက် လီချင်လည်း အမြန်ပြန်သွားတော့သည်။ ဝမ်ဖန်းလီသာ လင်းဝေ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ကျန်နေခဲ့သည်။

ဝမ်ဖန်းလိသည်လည်း ကောင်းရှို့လျန်ကို ကြည့်မရပါ။ လင်းဝေ့သည် ဒုတပ်ရင်းမှုး၏ ဇနီးဖြစ်သော်လည်း သူမတို့ကို ရင်းနှီးစွာပြောဆိုဆက်ဆံသည်။ သူမ ယောက်ျားရာထူးကို အားကိုးကာ အထက်စီးကနေ ဆက်ဆံခြင်းလဲမရှိပါ။

ကောင်းရှို့လျန်ကတော့ သူမ ယောက်ျားရာထူးအဆင့်အတန်းကိုသုံးကာ ခွဲခြားဆက်ဆံလေ့ရှိသည်။ လူတိုင်းကလည်း သူမကို မြောက်ပင့်ပြောဆိုကြသည်။

လင်းဝေ့အိမ်သို့ ကောင်းရှို့လျန်ကို အလည်ခေါ်လာသည်မှာ တစ်ခြား ရည်ရွယ်ချက်တော့ မရှိပေ။ ကောင်းရှို့လျန်က သာမန်ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည့်မှုလွန်ကဲနေသည့်ဟန်ကို ကြည့်မရ၍ သူမ မျက်နှာဖြတ်ရိုက်ခံရသည်ကိုတော့ မြင်နိုင်ရန် ဆန္ဒရှိမိသည်။

၇၀ ခုနှစ်စုံတွဲ၏ နေ့စဥ် ပုံမှန်အစီအစဥ် (ဘာသာပြန်)Where stories live. Discover now