ထမင်းစားပြီးချိန်တွင်
ပန်းကန်များအားအိမ်အကူတစ်ယောက်ကလာသိမ်းသွားခဲ့သည်တိမ်ဆိုင်မှာအခုမှသတိထားမိသည်
တီချယ်တို့အိမ်မှာ၃ထပ်တိုက်အတော်ကျယ်သည်
တကယ့်သူဌေးကြီးတွေနေတဲ့ပုံစံမျိုး
တွေးနေတုန်းရှိသေးလမင်းမှာတိမ်ဆိုင့်လက်အားဆွဲ၍သူနေသည့်အခန်းထဲသို့ခေါ်သွားခဲ့သည်
တိမ်ဆိုင်မှာလည်းဘာတစ်ခွန်းမှမမေးဘဲလိုက်သွားသည်
အခန်းထဲအရောက်
"ကဲ..အခုတော့ရှင်းသွားပြီလား"
"ဘာကိုလဲတီချယ်"
"မင်း..တို့ အကိုနဲ့..တို့..ကိုအထင်လွဲနေတာလေ"
"မဟုတ်ပါဘူး..တီချယ်ရဲ့"
"အယ်..ဘာမဟုတ်ပါဘူးလဲ"
"အမှန်အတိုင်းဖြေလေ..မလိမ်နဲ့""ဟုတ်"
"ထင်သားဘဲ""ဒီမယ်..တီချယ်ပြောမယ်"
"တိမ်ဆိုင်..တို့..ကို၅၂၈အချစ်နဲ့မဟုတ်ဘဲ
၁၅၀၀အချစ်နဲ့ချစ်တာမလား""ရှင်.တီချယ်"
"မဟုတ်ဘူးလား..ဖြေလေတိမ်ဆိုင်"
"ဟုတ်တီချယ်..တိမ်ဆိုင်တီချယ့်ကိုစတွေ့တွေ့ချင်းချစ်မိတာမျိုးမဟုတ်ဘဲနဲ့သဘောကျရုံလောက်ဘဲအစကတော့နောက်ပိုင်းကျ
တီချယ့်ကိုတဖြေးဖြေးချင်းချစ်မိလာခဲ့တယ်တီချယ့်ကိုသမီးချစ်မိသွားပြီဆိုတာသိလိုက်ရတဲ့အချိန်မှာတီချယ်ကသမီးနှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာထိရောက်ပြီးသွားပြီ
"တကယ်လို့တီချယ်ပြန်မချစ်လဲရပါတယ်"
"သမီးတီချယ့်ကိုချစ်နေတယ်ဆိုတာတီချယ်သိနေရင်ကိုရပါပြီ"
"တီချယ်..မင်းကိုမချစ်ဘူးလို့ဘယ်သူပြောလဲ"
"အဲ့..အဲ့ဆိုတီချယ်သမီးကိုချစ်တယ်ပေါ့"
"အင်း..ချစ်တယ်"
"တကယ်တော့မင်းတီချယ့်ကိုမသိခင်ကတည်းကတို့မင်းကိုချစ်ခဲ့တာပါ
ပြီးတော့တို့ဘက်ကစပြီးတော့ဘဲမင်းကိုချဥ်းကပ်ခဲ့တာ""တကယ်လား..တီချယ်"
"အင်းတကယ်"
...........
လွန်ခဲ့သော၆လလမ်းကပန်းဆိုင်တစ်ဆိုင်တွင်နှင်းဆီပန်း၀ယ်နေသောကောင်မလေးတစ်ယောက်
YOU ARE READING
တိမ်ဆိုင်အတွက်မရှိမဖြစ်လမင်း
Romanceတိမ်ဆိုင်လေးတွေဆိုတာလမင်းရဲ့အလင်းရောင်ကိုမျှော်နေကြသူလေးတွေပါ