9.Need

651 69 16
                                    

ကိုယ်ဘာကို အကြောက်ဆုံးလဲလို့ ချစ်သောက မေးတယ်။

ခင်ဗျားရဲ့ ဆန္ဒတိုင်းကို မဖြည့်ဆည်းပေးနိုင်မှာ အကြောက်ဆုံးလို့ ကိုယ်က ဖြေခဲ့တယ်။

အဲ့ဒီလို ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်ခဲ့တဲ့ ကိုယ်က ခင်ဗျားထွက်သွားချင်ရင်တောင် မတားရက်ခဲ့တဲ့အထိ ... ။

ထွက်သွားတဲ့ကျောပြင်လေးကိုငေးကြည့်ရတာ မွန်းကြပ်နာကျင်ရလွန်းလို့ ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားလိုက်ချင်တယ်။
ဒါပေမယ့် ချစ်ရတဲ့သူ စိတ်တိုင်းကျအားလုံးလုပ်ပေးနိုင်တဲ့အတွက် သူနောင်တမရဘူး။

အဲ့ဒီလူ လိုချင်တာ ဘာမဆို သူကပေးမယ်။

သူ့နှလုံးသားကို ယူပြီး ထွက်သွားမယ်ဆိုရင်လည်း သူက ရပ်ကြည့်ရင်းနေခဲ့မယ်။

ဒါဟာ သူခံယူထားတဲ့ သူ့ရဲ့ချစ်ခြင်း ... ။

စီးကရက်ငွေ့တွေက လေထဲကို လွင့်သွားတယ်။
ပြင်သစ်ပြတင်းကနေ အပြင်ကိုကြည့်နေတဲ့ မျက်ဝန်းညိုရင့်ရင့်တွေက ညို့သွားတယ်။

အအေးဓာတ်ကြောင့် မှန်သားထက်မှာက ရေငွေ့ပါးပါးရိုက်နေပေမယ့် ပတ်ဝန်းကျင်မြင်ကွင်းကို ကောင်းကောင်းမြင်ရဆဲ ... ။

မိုးရွာပြီးစ သစ်ပင်တွေက ခပ်စိမ်းစိမ်း ... ။
လူမရှိတဲ့ ပန်းခြံရဲ့ ရေကန်ထက်မှာ ရေငွေ့တွေက ပါးပါးဝေလို့ ... ။

အလုပ်နဲ့နီးလို့ လာနေဖြစ်တဲ့ ဒီတိုက်ခန်းမှာ သူအကြိုက်ဆုံးအချက်က ဒီပြတင်းပေါက်တွေပဲ။

သူက အပြင်ကိုငေးရတာ မကြိုက်ဘူး။
သူက အဲ့လိုကဗျာဆန်တဲ့သူမှ မဟုတ်...။

အဲ့ဒီလိုငေးရတာကိုကြိုက်တဲ့ ကဗျာဆန်တဲ့လူကို နောက်ကဖက်ထားရတာကိုပဲ သူကြိုက်တာ...။

ခါးသွယ်သွယ်နဲ့ ကိုယ်နွေးနွေးက ခြောက်နှစ်ကြာသွားရင်တောင် သူမမေ့မယ့် အနွေးဓာတ်လေး ... ။

သိပ်ကိုချစ်ခဲ့ပါတယ်။
ချစ်ပြီးရင်း ပိုပိုချစ်ခဲ့တယ်။
ပြီးတော့ ရုတ်တရတ် ဆုံးရှုံးလိုက်ရတယ်။

ဘာအကြောင်းပြချက်ရေရေရာရာ မသိပဲနဲ့လေ...။

"ရိပေါ်..."

𝒯𝒽𝑜𝓊𝓈𝒶𝓃𝒹 𝒞𝓇𝒶𝓃𝑒𝓈Where stories live. Discover now