( 1 ) U / Z

35.1K 1K 110
                                    

U~

ဒါလေးမဖတ်ခင်
My Best Friend Becomes My Husband Fic ကိုအရင်ဖတ်ရင် ပိုနားလည်လွယ်ပါတယ်..
မဖတ်လည်းရပါတယ်ရှင့်.....

>>>>>>>>>

'ကမ္ဘာ' ဧည့်ခန်းထဲတွင် ဟိုဘက်ဒီဘက်လျှောက်ရင်း အိမ်အဝင်ဝကို လှမ်းလှမ်းကြည့်နေမိသည်။
သူကြည့်နေတုန်းမှာပင် ရောက်လာကြပါပြီ
သားအဖနှစ်ယောက်၊ 'မြူငယ်' က အသက်18နှစ်ဆိုသည့်အရွယ်ရောက်လာတော့ အရပ်အမောင်းကပင် 5ပေ 10 ရှိနေပြီဖြစ်တာကြောင့် 'နယ်မြေ' က 'မြူငယ်' ၏ပုခုံးကိုဖက်ထားကာ နှစ်ယောက်သားဘာတွေ ပြောနေကြသည်မသိ၊ ဧည့်ခန်းထဲရပ်နေသည့် သူ့ကိုပင် မမြင်၊ သူလည်းလက်ပိုက်ကာ ထိုနှစ်ယောက်ရှေ့သွားပိတ်ရပ်လိုက်တော့မှ
မော့ကြည့်လာကာ သူ့ကိုမြင်သည်နှင့်
သရဲမြင်လိုက်သည့်အတိုင်းပင် လန့်သွားကြပုံများက၊

" ပြောပါဦး မင်းတို့သားအဖနှစ်ယောက်
အခုဘယ်မှာဘာလုပ်ပြီး ပြန်လာကြလည်း
ဆိုတာ"

'ကမ္ဘာ' မေးလိုက်တော့ 'နယ်မြေ' နှင့် 'မြူငယ်'က
တစ်ယောက်ကိုတစ်ယောက်အကြည့်ချင်းဆုံကာ
'Daddy ပြော' 'သား ပြော' နှင့် မျက်လုံးစကားပြောနေကြသည်။

" အား...အချစ် "

" အား...နာတယ် ပါပါး "

'ကမ္ဘာ' စိတ်မရှည်စွာပင် အကြည့်နှင့်စကားပြောနေသည့် နှစ်ယောက်၏နားရွက်တို့အား ဆွဲလိမ်ပစ်လိုက်သည်။ ထိုအခါ 'နယ်မြေ' နှင့် 'မြူငယ်' ၏ခန္ဓာကိုယ်မှာ 'ကမ္ဘာ' ဘက်ကို ယိမ်းထိုးသွားကြသည်။

" မင်းတို့နှစ်ကောင် ဘာလုပ်လာကြလည်း
ငါမသိဘူးများ ထင်နေလား ဟမ်!! "

" အား... ပါပါး သားမှားပါတယ်
လွှတ်ပါတော့ "

" မောင်လည်း မှားပါတယ် အချစ်ရယ်
တော်တော်နာနေပြီ လွှတ်ပါတော့ "

'ကမ္ဘာ' လွှတ်ပေးလိုက်သည်နှင့် 'နယ်မြေ' နှင့် 'မြူငယ်' မှာ ပူထူသွားသည့် နားရွက်အားဖိပွတ်နေကြသည်။

ငယ်ငယ်တုန်းက ပါပါးက Daddy ကိုနားရွက်ဆွဲလိမ်ရင် 'Daddy နားရွက်ကြီးနီနေပြီ
အရမ်းနာလားဟင် ' လို့မေးတိုင်း
'နာတာပေါ့ကွ မင်း ကြီးလာမှသိလိမ့်မယ် '
ဆိုတဲ့စကားက အချဉ်မဟုတ်၊ ပါပါးလက်သံပြောင်ချက်က လက်လန်တယ် အီစိမ့်နေတာပဲ၊

You're My Beloved ( COMPLETE )Where stories live. Discover now