( 3 ) U / Z

17.3K 851 101
                                    

U~

'လွမ်း' ရေချိုးရင်း 'သုတ' ပြောသည့်စကားတို့အားပြန်‌တွေးနေမိသည်။ မလိမ်မညာဘဲ ပြောရမည်ဆိုလျှင် သူမနက်အိပ်ယာထသည်နှင့် ပထမဆုံးသတိရသည့်သူက 'မြူငယ်' ပင်... ဝမ်းနည်းသည်ဖြစ်စေ ပျော်ရွှင်သည်ဖြစ်စေ ပထမဆုံးသတိရမိသူက 'မြူငယ်' သာဖြစ်သည်။ 'မြူငယ်' ကသူ၏ပထမဆုံးသူငယ်ချင်းဖြစ်သည်။ သူဘယ်လောက်ပဲ ဂရုမစိုက်ဘဲနေပါစေ...သူဘယ်လောက်ပဲခပ်တည်တည်နေပါစေ... သူ့အနားကနေထွက်မသွားသည့်လူပင်...ဝမ်းနည်းနေသည့် အချိန်တိုင်းနှစ်သိမ့်ပေးတက်သူ... ပျော်ရွှင်စရာရှိတိုင်း ဝေမျှကာ ပျော်ရွှင်မှုတို့အား ယူဆောင်လာပေးသူ... 'မင်းအနားမှာ ငါရှိတယ်လေ ' ဆိုသည့်စကားဖြင့် သူ့ဘဝထဲကအထီးကျန်မှုတွေကို ထုတ်ပေးခဲ့သူ.... သူ့ငယ်ဘဝက အတိတ်ဆိုးတွေကိုပြောပြတိုင်း အားရပါးရအော်ငိုကာ ' မင်းအရမ်းနာခဲ့မှာပဲနော်' ဟုဆိုကာသူ့အစားထိုင်ငိုပေးတက်သူပင်....

ယခုဖြစ်သည့် ကိစ္စမှာ ကိုကိုမမှားပေ.. သူကသာလျှင်မှားခဲ့သူဖြစ်သည်။ ကိုကို့ကို အပြည့်အဝမချစ်ပေးခဲ့သည့် သူသာလျှင်မှားခဲ့သူဖြစ်သည်။

'လွမ်း' ရေချိုးအဝတ်အစားလဲပြီးသည်နှင့် 'သုတ' ဆီကိုဖုန်းခေါ်လိုက်တော့ ကိုင်သည်။

" ကိုကို "

' အင်း.. '

" ဒဏ်ရာတွေရသွားသေးလား "

' ' မြူငယ်' နဲ့ တူတူလောက်ပဲ '

" ဆေးထည့်ပြီးပြီလား "

' ဟင့်အင်း... '

" ကျစ်! ဘာလို့မထည့်တာလည်း မနက်‌ကျရင်
ယောင်နေရင် ဘယ်လိုလုပ်မလည်း... ဆေးကျောင်းသားဖြစ်နေပြီးတော့ ဒါလေးတောင်မသိဘူးလား.. "

' ထည့်လိုက်မယ်ကွာ..'လွမ်း' မင်းစကားတအားများလာတာပဲ '

'လွမ်း' 'သုတ' နှင့်ဖုန်းပြောပြီးသည့်အချိန်တွင် ညဆယ်နာရီပင်ထိုးနေပြီဖြစ်သည်။ မအိပ်ခင် 'မြူငယ်' ကိုတွေးမိသဖြင့် 'မြူငယ်' ၏အခန်းထဲကိုဝင်သွားတော့ ကုတင်ပေါ်တွင် ခေါင်းမြီးခြုံအိပ်နေသည့် 'မြူငယ်'... ‌ကုတင်ဘေးတွင် ဆေးတွေက ဒီတိုင်းရှိနေသည်။ ဆေးမသောက်ထားပြန်ဘူး...

You're My Beloved ( COMPLETE )Where stories live. Discover now