11

283 50 9
                                    

ကမ္ဘာပေါ်ရှိ အရာအားလုံး ငွေနှင့်ဝယ်လိုရပါလျှင် ချစ်ရသူ အပြုံးအား ဝယ်ယူလိုက်ချင်၏။
ထိုသို့မရသည်မို့ ရစ်ခီ Black Cardအား ​အမှိုက်ပုံးထဲပင် လွှင့်ပစ်လိုက်ချင်လာသည်။

"ကိုကို Smile~"

ကွန်ဒိုသို့ စရောက်ကတည်းက ဆူပုတ်ကာ တင်းနေဆဲမျက်နှာလှလှလေးမှာ ယခုတော့ သူ့အား မျက်စောင်းလှလှပင်ပစ်သွားသည်မို့
နှလုံးခုန်သံဟာ ပိုကာစည်းချက်မညီတော့..

"အားးး ကျွန်တော်ရူးတော့မှာဘဲ ကိုကိုရာ"

အနားကပ်ခွင့်မရသည်မို့ အဝေးမှသာ အသည်းတယားယားပင်။
ဖြစ်နိုင်လျှင် အားဖြင့် ဖြစ်ညစ်ပစ်ချင်စိတ်မှာတဖွားဖွား။
သို့ပေမယ့် ထိုသို့လုပ်လိုက်လျှင် အကျိုးဆက်မှာ ကောင်းတာဖြစ်မလာနိုင်သည်မို့ စိတ်လျော့လိုက်ရသူက ရစ်ခီရှန်ပါပင်။

"ကျွန်တော့်အဝတ် ယူလှဲလိုက်"

သူ သိပ်မဝတ်ဖြစ်တဲ့ အဖြူရောင်Suitနှင့်ဂျင်းပန့်အား ကိုကို့လက်ထဲထည့်ပေးတော့ လက်မခံနိုင်ဖြစ်နေသည့်ကိုကိုက တွန်းဖယ်လာသည်။

"ဒါမှမဟုတ် ကျွန်တော်နမ်းလိုက်ရမလားကိုကို?အခု ကိုကိုရောက်နေတာ ကျွန်တော့်ပိုင်နက်နော်.."

"အဝတ်လှဲလိုက်ရင် ပြီးရောမလား!"

သူ၏ ခြိမ်းခြောက်စကားမှာ အသုံးဝင်သည်ပြောရမည်။
ချက်ခြင်းပင် သူ့လက်ထဲမှ ဝတ်စုံအား ဆွဲယူကာ သူ့အနားက ထွက်သွားဖို့လုပ်နေသူအား အမြန်ပင် လှမ်းဆွဲလိုက်ရ၏။

"ကျစ်! ဘာဖြစ်ရပြန်တာလဲ ရစ်ခီရှန်!"

အံ့ကြိတ်ကာပြောလာသည့်ကိုကို့ကြောင့် ရစ်ခီ ရယ်ချင်သွားရသေးသည်။

သူက ဒီတိုင်း အခန်းလေးလိုက်ပြမလို့ကို။

ရစ်ခီ ဘာမှပြန်မပြောတော့ဘဲ ကိုကို့လက်အားဆွဲကာ သူ့အခန်းရှိရာသို့ခေါ်ဆောင်သွားလိုက်တော့သည်။

"ဒီအခန်းဘဲ ကိုကို ကျွန်တော် အပြင်မှာစောင့်နေမယ် ပြီးရင်ထွက်လာခဲ့နော် စကားနားမထောင်ရင် သိတယ်မလား.."

အနိုင်ပိုင်းကာ ပြော၍ ထွက်သွားသည့်ကောင်လေးကြောင့် ဂျီအွန်း ဒေါသတို့မှာ အဆမတန်မြင့်တက်သွားရသည်။

Let Me In( Complete)Where stories live. Discover now