LOML

806 53 17
                                    

"မောင် အာဘွားပေး အာဘွား"

"အွန်း အွန်း အိမ်ရောက်ရင် ပေးမယ်နော် အခု အရင်ပြန်ကြစို့ လမ်းရော လျှောက်နိုင်ရဲ့လား"

ဂယူဘင်းမှာ နှစ်ခွက်လောက် သောက်ပြီး မူးနေသော ကိုကို့အားတွေ့ပြီး စိတ်ဆိုးမှုများမှာ ကြက်ပျောက်ငှက်ပျောက်။ တကယ်ဆိုရင်တော့ ကိုကို့အား စိတ်ဆိုးပြီး ပစ်ထားမိသည့် သူ့အပြစ်များပင်ဖြစ်၏။ ငိုထားသည့် မျက်လုံးများမှာလည်း ယခုထိ မျက်ရည်များ သေချာ မခမ်းခြောက်နိုင်သေး။

ချစ်သူဘဝတွင် အချင်းချင်း သဝန်တိုကြရင်း စိတ်ဆိုးတတ်သည်များ ရှိသော်လည်း ဒီတစ်ခါတော့ မတူပါ။ ဂယူဘင်းကလည်း အလုပ်ရှုပ်နေသည့်အတွက် ချော့ဖို့ကို ပစ်ထားမိသလို၊ ကိုကိုအဆိုးလေးကလည်း မိမိအား ၅ရက်လုံး မဆက်သွယ်လာပါ။ ဒီနေ့တော့ အရက်တွေပါ သွားသောက်သည်အထိ ဂျစ်ချလိုက်သည်။

စိတ်ဆိုးသည်မှာလည်း အတည် စိတ်ကုန်ပြီး စိတ်ဆိုးခြင်းများမဟုတ်ပါ။ စိတ်ဆိုးဟန် ဟန်ဆောင်ခြင်းသာဖြစ်၏။ မိမိ ကိုကိုဟာ ဂျစ်တူးလုပ်ပုံလေးကအစ ချစ်စရာကောင်းနေ၍ ချစ်မဝဖြစ်ရပါသည်။

အမှန်တော့ ဒီနေ့ project တစ်ခု ပြီးသွားသည့်အတွက် အပြန်တွင် ကိုကို့အား ချော့မည့် အစီအစဥ်ရှိပြီးသားဖြစ်သည်။ အခုတော့ မူးပြီး ရစ်နေသည့် ကိုကို့အား မိမိတို့ နှစ်ဦး တစ်ခါတလေ သွားနေတတ်သည့် ကွန်ဒိုတိုက်ခန်းသို့သာ ခေါ်လာလိုက်ပါသည်။
 
 

------
 
 

ဂယူဘင်း၏ နေ့စဥ်ဘဝတို့ဟာ ပုံမှန်အတိုင်းဖြစ်နေခဲ့သည်။ အိမ်ထောင်ရေးသာယာသည့် မိသားစု၊ ခင်ခင်မင်မင်ရှိတတ်သော ဆွေမျိုးများနှင့်အတူ သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ထားရသော ဂယူဘင်း၏ ဘဝ၊ ပုံမှန် ပျော်ရွှင်စရာလေးတွေနှင့်အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖြစ်ခဲ့သည်။ ထိုသို့သော ဘဝထဲသို့ ဟန်ဘင်း ရောက်လာသော အခါ ပို၍ ပျော်ရွှင်လာရသည်၊ စိတ်ချမ်းသာလာရသည်။

ဟန်ဘင်းဟာ ဂယူဘင်းရဲ့ ပျော်ရွှင်မှုလေး၊ စိတ်ချမ်းမြေ့ဖွယ်လေး၊ အရယ်ခလုတ်လေး။ ပထမဆုံး တွေ့ဆုံခဲ့ရသော ၁၃နှစ်အရွယ် ဟန်ဘင်းလေးအား သူ ယနေ့တိုင်အထိ မှတ်မိနေဆဲပင်ဖြစ်သည်။ ဟန်ဘင်းနှင့်အတူ ဖြတ်သန်းခဲ့သမျှ အချိန်တိုင်းအား သူမှတ်မိသည်။ ကိုကိုနှင့်အတူ ဖြတ်သန်းရသော စက္ကန့်တိုင်းကအစ ဂယူဘင်း တန်ဖိုးထားပါသည်။
 
   
 

LOML Onde histórias criam vida. Descubra agora