EXTRA 🎁

543 45 19
                                    

ဟန်ဘင်းနှင့် ဂယူဘင်းတို့ဟာ ကိုယ်စီ ဘွဲ့ရပြီးနောက် မိဘများ၏ company များတွင်သာ အလုပ်ဝင်ခဲ့ကြသည်။ နှစ်ဦးစလုံး ကိုင်ပိုင်အလုပ် ရှိသွားချိန်မှစ၍ နှစ်ဖက်မိဘများ၏ ခွင့်ပြုချက်ကို ယူပြီး ကွန်ဒိုတိုက်ခန်းတစ်ခုမှာ အိမ်ခွဲ၍ နေဖြစ်ခဲ့ကြသည်။

"မောင် ထတော့ ၊ ထ ထ"

"အွန်း ခဏ ၅မိနစ်ပဲ"

"အဲ့ဒါဆိုရင် ဘင်း ကော်ဖီသွားဖျော်ပြီးမှ ထပ်လာနှိုးမယ်နော်"

ထိုအခါ မောင်ဟာ ဟန်ဘင်း၏ ခါးကိုဆွဲဖက်၍ မသွားဖို့ တားသည်။

"မသွားနဲ့ ဒီလိုလေးနေပေး"

"ဟာ မောင်ကလည်း"

"ငါးမိနစ်ဆို ရပြီ"

သူ့မှာလည်း မောင် တစ်ခွန်းဆို တစ်ခွန်း ငြင်းဆန်လို့မရ၊ ငြင်းဆန်မိရင်က ပိုဆိုးမှာ။ မောင်က နောက်ပိုင်း တစ်ခုခုဆို သေးသေးလေးကအစ စိတ်ကောက်ချင်သည်။

ဘင်းလည်း မောင့်ကို မငြင်းတော့ဘဲ ဖက်ထားပေးလိုက်သည်။ အိပ်နေတဲ့ မောင့်ပုံစံလေးက ဖြူဖြူစင်စင်လေးနှင့် ချစ်စရာကောင်းသည်။ မောင်က ဘင်းကို တအား ချစ်စရာကောင်းတယ်သာပြောနေတာ တကယ်တမ်းကျ မောင်ကမှ ဘင်းထက်ကို ပို၍ ချစ်ဖို့ကောင်းနေသည်။ ဘာမှ မလိမ်းထားသည့် မျက်နှာပြောင်လေးနဲ့တောင် မောင်ဟာ ချောမောနေဆဲ။ သဘာဝအတိုင်း ပန်းရောင်လေး သမ်းနေသည့် ပါးပြင်လေးဟာ မိုချီအိအိလေးလို ဖြစ်နေ၏။

"မောင်က တအား ချစ်ဖို့ကောင်းတာပဲ"

ဟန်ဘင်းသည် အသဲယားလွန်း၍ မောင့် ပါးနှစ်ဖက်လုံးအား နစ်ဝင်နေအောင် နမ်းလိုက်သည်။ ထို့အပြင် ဘာမှ မလိမ်းထားတာတောင် ခပ်ရဲရဲလေးဖြစ်နေသည့် နှုတ်ခမ်းဖူးဖူးလေးအားလည်း ခပ်ဖွဖွလေး နမ်းပြီး မောင့်အား ပြန်ဖက်ထားသည်။

ထိုစဥ် တစ်ဖက်က ဂယူဘင်းမှာတော့ ဆက်ပြီး အိပ်ချင်ယောင်မဆောင်နိုင်တော့ဘဲ သူ့ရင်ခွင်ထဲမှ ဟန်ဘင်းအား အုပ်မိုးလိုက်သည်။ အမှန်တကယ်တော့ သူဟာ အိပ်ချင်၍ မဟုတ်ပါ၊ ဘင်းအား ဖက်ထားချင်သေးသောကြောင့် လူလည်ကျလိုက်ခြင်းဖြစ်၏။ ဒါကို ဘင်းကတော့ သူ့စကားကို အမြဲ ယုံသည့်အပြင် ဒီတစ်ခါတော့ သူ့အား ခိုးနမ်းလာသည်။ ဘင်းဘက်က သူ့ကို ရင်ခွင်ထဲ ကပ်ချွဲလေ့ရှိသော်လည်း နမ်းတာမျိုးတော့ မရှိ၊ ချစ်သူသက်တမ်း ကြာမြင့်လာသော်လည်း သူ့ဘက်က စ နမ်းဖို့ ရှက်နေပုံပါပင်။

LOML Where stories live. Discover now