ဘက်မညီမျှတဲ့ အရာတွေကိုချိန်ဆညှိနှိုင်း ရတယ်ဆိုတာ လွယ်ကူနေတာတော့ မဟုတ်ခဲ့ပါဘူး။
ကျွန်တော့်အတွက်တော့ မညီမျှတဲ့ အနားသတ်ဖြစ်နေခဲ့ မယ် ဆိုလဲ
မညီမျှတဲ့ ဘယ်ဘက်ကိုမဆို ဆွဲယူ ဖြတ်တောက် ညှိနှိုင်းဖို့ဝန်လေးနေမှာမဟုတ်ဘူး။
..... .... .... .....
နေ့လည်ခင်းဘက်တွင်တောင် ညရောက်တော့မည့် အလား မှောင်မဲနေသော မိုးသည် မနက်မှကောင်းခဲ့ သည့် ရာသီဥတုအခြေနေနှင့် လားလားမျှမအပ်စပ်။
သည်အဝန်းအဝိုင်းမှာ ရှိနေခဲ့သော သက်ရှိ လူသား သုံးဦး ၏ စိတ်အစဉ်သည်လည်း ရာသီဥတုနှင့် လိုက်လျော ညီထွေရှိနေခဲ့လျက်။
ပြတင်းပေါက် ဘောင်အားနွဲ့မှီလျက် လက်ပိုက်ကာ မိုး၏ အငွေ့ အသက်ကို ခံစားနေသူကတော့ အေးစက်တည်ငြိမ်နေသော မျက်နှာထားဖြင့် သာ ရှိနေခဲ့လေသည်။
အခန်းထဲကို ဝင်လာသည့် အငွေ့အသက်သေးသေးလေးကို ခံစားရမိသည်နှင့်Jimin မျက်တောင်တွေတဖျတ်ဖျတ်ခတ်သွား ရကာအာရုံစူးစိုက်လိုက်မိသည်။
ထိုအငွေ့ အသက်လေးက မလှမ်းမကမ်းတွင်ရပ်သွားရကာ ဘာစကားကို မျှ မပြောဘဲ ငြိမ်ငြိမ်သက်သက်ရပ်နေခဲ့ လေသည်။
Jimin အမှတ်မမှားဘူး ဆိုပါလျှင် ထိုအငွေ့အသက်လေးမှာ ဝမ်းနည်းခြင်းတွေ မနည်းမနောရှိနေသည်။
"ဘာဖြစ်လို့လဲ ကလေးလေး"
သူကပဲ အမေးရှိလိုက်သည်နှင့် ထိုအငွေ့ အသက်လေးက သူ့အနား ရောက်လာကာ လက်သေးသေးတွေက သူ့အင်္ကျီခါးစလေးတွေကို လှမ်းကိုင်လာသည်။
"Daddy သားသားလေးကို စိတ်ဆိုးသွားပြီထင်တယ်"
ငိုသံလေးနှင့် ပြောလာသည့် အသံသေးသေးလေးတွေသည် Jimin နှလုံးသားကို ရိုက်ခတ်လာသည့် အရှိန်ပြင်းပြင်းလှိုင်းတံပိုးတွေအလား။
"ကလေးလေးကို Daddy က ဘာဖြစ်လို့ စိတ်ဆိုး သွားတာလဲ
ကလေးလေးက အပြစ်လုပ် ထားမိလို့လား"
"Daddy က သားသားလေးအပြစ်လုပ်မိရင် စကားမပြော တော့ဘူး
အခုလည်း သားသားလေးကို စကားမပြောတော့ဘူး"
"သူမကြိုက်တာကို ကလေးလေးက ဘာဖြစ်လို့ လုပ်တာလဲ"
"သားသားလေး ပါပါးနဲ့ တွေ့ချင်တယ်လို့ ပြောမိတာပါ
Daddy က ပါပါးကို မေးတိုင်း သားသားလေးကို စကားမပြောတော့ဘူး"
STAI LEGGENDO
ဇိုး(ဇိုး)
Storie d'amoreဘဝမှာ လူတစ်ယောက်တည်းကပဲ ခံစားချက်နှစ်မျိုးကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး ကျုပ် ခင်ဗျားကိုသိပ် ချစ်တယ် ပြီးတော့ ခင်ဗျားကို အရမ်းမုန်းတယ် Jeon Jung Kook လောကကြီးက ကိုယ့်အတွက်တော့ အမြဲတမ်း အကျည်းတန်နေတာမျိုးပါ ကိုယ်တိုင် ရေးဆွဲကို...
