EPISODE (13)*

42 8 3
                                    

(Unicode)
Warning ⚠️
*ဤအပိုင်းတွင် Adult senceအနည်းငယ်ပါ
၀င်သည့်အတွက် အသက်ပြည့်ပြီးမှသာဖတ်ရှုရန်*

အရံဆေးသိုလှောင်ခန်း။
ထိုအခန်းလေးဟာ သိပ်အရေးမပါသည့် ဆေးဝါးများသိုလှောင်ထားရာ အခန်းငယ်လေးဖြစ်သည့်အပြင် နန်းတော်၏ချောင်အကျဆုံးနေရာတွင်တည်ရှိသည့် အတွက် တော်ရုံတန်ရုံမည်သူမျှမလာပါ။

အခန်းထဲတွင်တော့ ထူးခြားစွာ သစ်သားရေစည်ပိုင်းတစ်ခုရှိနေပြီး ရေအပြည့်ဖြည့်ထားသည့်ထိုစည်ပိုင်းထဲတွင် မုန်ဟာ အဖြူရောင်အ၀တ်အစားတစ်ထပ်ဖြင့်ရေထဲ ခေါင်းပါငုံ့ကာ ၀င်စိမ်နေလေသည်။

မုန်ဟာ မိန်းကလေးအယောင်ဆောင်ထားရသည့်အပြင် ကြင်ယာတော်ဖြစ်နေပြီဖြစ်သည့်အတွက် ရေချိုးသန့်စင်ရသည့်အလုပ်ဟာသူ့အတွက်အခက်ခဲဆုံးပြဿနာတစ်ရပ်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှဒီနေရာကိုရှာတွေ့ခဲ့ရာကစ ဒီမှာအမြဲရေလာချိုးလေ့ရှိသည်။

အခုလည်း ဘုရင့်နန်းဆောင်ကပြေးလာပြီးပြီးချင်း ရေထဲ၀င်စိမ်နေတာဖြစ်၏။

ပြေးလွှားလာသော ခြေလှမ်းနဲ့အတူ လုဟာ ထိုအခန်းငယ်ထဲသို့ရောက်လာလေသည်။

'မုန်....'

'ကိုကို...'

မုန်၏မျက်နှာဟာရှင်းလင်းကြည်တောက်နေ
လေသည်။စိတ်ဆိုးနေသည်လည်းမဟုတ်။
မျက်နှာပေါ်မှရေတွေဟာလည်း တစ်စက်စက်
ကျနေလေသည်။

'ဒီမှာ ဘာလုပ်နေတာလဲ'

'ရေချိုးနေတာလေ...ကျွန်တော်က ယောက်ျား
လေးဆိုတာပေါ်သွားမှာစိုးလို့ ညညကျဒီမှာပဲ တိတ်တိတ်လေး ရေလာချိုးရတာ‌'

'ကိုကိုချိုးပေးမယ်'

လုဟာ မုန့်ရဲ့ရေရွှဲနေတဲ့ အင်္ကျီတစ်လွှာကို
ချွတ်ပေးလိုက်သည်။

ထို့နောက်လုဟာ မုန့်ရဲ့ကျောပြင်ကို စည်ပိုင်းစောင်း၌ထိုင်နေရင်း ညင်သာစွာတိုက်ချွတ်ပေးနေလေသည်။

'မုန်....'

'ကို မအိပ်ခဲ့ပါဘူး....'

မုန်ဟာ ပြုံးရယ်လိုက်သည်။

'သိတယ်လေ...ကိုကိုအိပ်ရင်အဲ့လိုမှမဟုတ်တာအသံပေါင်းစုံထွက်နေမှာ ကိုကို့ဆီက...'

လုမုန် (Completed)Место, где живут истории. Откройте их для себя