PART 31🏷️

4.7K 146 46
                                    


PART 31🏷️

အကျဉ်းထောင်ဌာနတစ်ခုတွင် ကောင်းသည် ဦးကောင်းမင်းမြတ်၏ တရားခံအကျိုးတော်ဆောင်ရှေ့နေအနေနဲ့ ဦးကောင်းမင်းမြတ်ရှေ့ကိုရောက်လာသည်။ မမြင်ရသောအတောအတွင်းမှာ ဦးကောင်းမင်းမြတ်၏မျက်နှာကကျသွားသလို လူကပါ ပိန်ကျသွားပုံ....

အခုချိန်မှာ သွေးသစ်ရဲရင့်ပြောခဲ့သော အကြောင်းအရာကိုမေးရန်သင့်မသင့်ကို စဉ်းစားနေမိ၏။

ရှယ်ယာတွေက ဦးကောင်းမင်းမြတ်နာမည်နဲ့သာရှိနေသေးသောကြောင့် ဒီအချိန်မှာ မေးလိုက်လျှင် ကောင်းအတွက် အရာရာဆုံးရှုံးသွားရလိမ့်မည်။ အချိန်မရောက်သေးဘူး....

"သမီး မေမေနေကောင်းလား..."

ကောင်းရှေ့၌ ရှိနေသောလူသားဟာ မေမေ့ကိုဘယ်တုန်းကမှ စိတ်ပူခြင်းမရှိ၊ စိတ်ဝင်စားခဲ့ခြင်းတစ်စက်မှမရှိ၊ သွေးအေးအေးနဲ့ဆက်ဆံတတ်တာကိုသိပေမယ့် ထိုသို့မေးလာတော့ ဟားတိုက်ပြီးရယ်ချင်ပေမယ့် ဟန်ဆောင်လိုက်သည်။

"ဒယ်ဒီကို အရမ်းစိတ်ပူနေတယ်။ အစားအသောက်အစဉ်ပြေလား နေရအဆင်ပြေလားတော့မေးပေးပါလို့ပြောလာတယ်။ ဒယ်ဒီလိုအပ်မယ့်ဆေးတွေလည်း ထည့်ပေးလာတယ်"

"ဒယ်ဒီကို မာဃကိုယ်တိုင်တရားစွဲတာလား"

"ဟုတ်တယ်၊ ယှဉ်ရဲရင့်သွေးဆေးရုံက မဆင်းခင်အထိကို ဟတ်တန်နာမည်နဲ့စွဲထားပေမယ့် အခုတော့ တရားလိုက ယှဉ်ရဲရင့်သွေးပြန်ဖြစ်သွားပြီး။ ပြီးတော့ လွန်ခဲ့တဲ့15နှစ်က ပြန်ပေးစွဲတဲ့အမှုကိုပါ ထပ်တိုးထားတာ ဒယ်ဒီသိတယ်မလား။ ဒယ်ဒီဘယ်လိုဖြစ်ချင်လည်းဆိုတာ ကောင်းကိုပြောပါ ကောင်းအကောင်းဆုံးဒယ်ဒီကို ကာကွယ်ပေးမယ်"

"မာဃရောနေကောင်းလား၊ သူနဲ့တွေ့သေးလား"

သူ့ကိုယ်သူထက် ပိုဂရုစိုက်နေပြီး ဟတ်တန်ကိုမေးပေမယ့် ကောင်းရင်ထဲမှာ ဒီအရှေ့ကအပြစ်သားဟာ ကောင်းမှာ သနားညှာတာစိတ်မရှိသလို ဖခင်တစ်ယောက်ဖြစ်ခဲ့ဖူးသူဟု၍ နှလုံးသားထဲထည့်ထားလို့မရတော့ပါ.....

"ကုမ္မဏီကပရောဂျက်ဖျက်တဲ့ကိစ္စတွေနဲ့တော့ တွေ့ပါတယ်
ဒါပေမယ့် သူ့ဆီက ကိုယ်ရေးကိုယ်တာဘာမှမေးလို့မရဘူး။ ပြီးတော့ ဟတ်တန်နဲ့ယှဉ်ရဲရင့်သွေးတို့က အတူမနေတော့ဘူးထင်တယ် ယှဉ်ရဲရင့်သွေးက သူ့ရုံးခန်းအိမ်မှာရောက်နေတယ်တဲ့....။ ဒယ်ဒီ,အမှုကို ဘယ်လိုလုပ်စေချင်လဲ"

ရင်ခုန်သံထပ်တူကျသောအခါ အချစ်မှာအပြစ်ရှိသည်Where stories live. Discover now