⟨ S2 - မိတ်ဆက် ⟩

507 66 8
                                    

♣♠UNICODE ♠♣
[မိတ်ဆက်]

အေးစက်မှောင်မဲနေတဲ့လေဟာပြင်ကြီးထဲ သူလွင့်မြောနေရင်းမှ တိုးညင်းတဲ့ ပွတ်တိုက်သံလေးတွေကြောင့် သူ မျက်ဝန်းတွေ ဖွင့်လိုက်မိသည်။

"... ဂျွန်ဂျောင်ကု ..."

သူပိုင်ဆိုင်တဲ့အမည်နာမကို ကြားလိုက်ရတယ်ဆိုရင်ပဲ မြင်ကွင်းကို ရှင်းလင်းနေအောင် မျက်တောင်တွေကို ပုတ်ခတ်လိုက်မိသည်။ အေးစက်နေတဲ့ နှင်းခဲတွေ မရှိတော့သလို နောက်ဆုံးအသိတရားအရ သွေးအိုင်ထဲမှာ သူ နာကျင်နေတာမျိုးလည်း မရှိ။

နှင်း?

သွေး?

အကုန်လုံး ဘယ်ရောက်ကုန်တာလဲ ...

အစ်ကိုနမ်ဂျွန်ကနေ တစ်ဆင့် အစ်ကိုကင်ဆော့ဂျင်ရဲ့သေဆုံးမှုအကြောင်းတွေကို သိခဲ့ရတာဖြစ်ပြီး အစ်ကိုဆော့ဂျင်ရဲ့ ဘဝအကြောင်းတွေကိုပါ နားလည်ခဲ့ရတာဖြစ်သည်။ သို့ပေမယ့် သူသိတဲ့အချိန်မှာတော့ အစ်ကိုဆော့ဂျင်ဟာ စာလေးတစ်စောင်တောင် မပြောနဲ့၊ သူဖက်တွယ်ဖို့ ရုပ်အလောင်းကိုတောင် မချန်ထားရစ်ခဲ့ပါ။ ကုန်ကုန်ပြောရရင် နောက်ဆုံး သူထိတွေ့နိုင်မယ့် အရိုးပြာအိုးလေးတောင် သူ့အတွက် မချန်ထားခဲ့။ အရာရာအားလုံးပြီးစီးလို့ တစ်လကျော်အကြာမှ သိခဲ့ရတဲ့ အမှန်တရားတွေက သူ့ဘဝကို ဇာတ်သိမ်းစေခဲ့တယ် ဆိုရင် မှန်လေမလား။

အစ်ကို့ရဲ့ကမ္ပည်းတိုင်ရှိမယ့်နေရာကို သွားရင်း အသက်ရှင်ချင်စိတ်မရှိတော့တဲ့သူဟာ ‌နှင်းဖုံးနေတဲ့ လမ်းမထက် ကားမှောက်ခဲ့တာဖြစ်သည်။ သူ့ရဲ့နောက်ဆုံးအသိတရားက နာကျင်အေးခဲနေခဲ့ပေမယ့် သူပျော်ပျော်ကြီး လက်ခံခဲ့သည်။ လူ့လောကမှာ အစ်ကို မရှိတော့ရင် အစ်ကိုရှိတဲ့လောကကြီးဆီ သူလိုက်လာပြီး သူရှာဖွေလို့ရပြီလေ။

"... အစ်ကို ..."

ခပ်တိုးတိုးလေး ရေရွတ်လိုက်ပေမယ့် အခု သူ့ဖြစ်တည်မှုကို သူ အာရုံထားလို့မရ။ ပေါ့ပါးလွင့်မြောနေတဲ့အခိုးအငွေ့ကိုသာ သူ ခံစားမိနေသည်။

You've reached the end of published parts.

⏰ Last updated: Nov 13, 2023 ⏰

Add this story to your Library to get notified about new parts!

နတ်သမီးပုံပြင် 【Completed】Where stories live. Discover now