မင်းအတွက် ကိုယ့်မေတ္တာစာ

31 0 0
                                    

     မင်း မကျန်းမာရင်

     လေနဲ့လည်း ရန်ဖြစ်မယ်။
     မိုးနဲ့လည်း စစ်ထိုးမယ်။
     ဟော့ဒီ ကမ္ဘာကြီးထဲက မင်းကို ထိပါးစေမယ့် အရာတိုင်းကို မီးသင်္ဂြိုလ်ပစ်လိုက်မယ်။

     မင်းနှုတ်ဖျားက အပြုံးလေး ပျောက်သွားရင် ငါမှာ ရင်တွေ တုန်လွန်းလို့ပါကွယ်။

      အချစ်ရယ်...

     မင်းက မျက်နှာကလေး မသာမယာဖြစ်ယုံပါကွယ်။

     ငါမှာ ကမ္ဘာတွေကို ပျက်လို့။

     မင်းက မျက်ခုံးကလေးတွန့်ယုံပဲ ရှိသေးတယ်။ငါမှာ ကမ္ဘာကြီးနဲ့ စစ်ခင်းပစ်ဖို့ သံဝါတွေပြု၊လက်နက်‌တွေစုနေပြီ။

    အချစ်ရယ်....
  
    မင်းနဲ့တွေ့ခါမှ

    နှင်းတွေကိုလည်း ကိုယ်မချစ်တတ်‌တော့ဘူး။

    မိုးတွေကိုလည်း ကိုယ်မချစ်တတ်တော့ဘူး။

    မိုးနဲ့တွဲတဲ့ သက်တံ့တွေကိုလည်း ကိုယ်မချစ်တတ်‌တော့ဘူး။

     မင်းကိုနှာစေးစေမယ့်အရာတွေ၊

     မင်းကိုခေါင်းကိုက်စေမယ့်အရာတွေ၊

     မင်းကို ချောင်းဆိုးစေမယ့်အရာတွေ ဆိုပြီး မုန်းပြီးရင်းသာ မုန်းလာတော့တယ်။

     ရာသီတုပ်ကွေးတွေကို ကိုယ်တရားစွဲထားတယ်။

     မင်းကို မကျန်းမာစေမယ့် နွေအကုန် မိုးအကူးကြားရာသီတို့ မိုးအကုန် ဆောင်းအကူးကြားရာသီတို့ကို ဟောဒီ့ ရာသီစက်ဝန်းထဲကနေဖယ်ထုတ်ပစ်ဖို့ မိုးနတ်မင်းနဲ့ ကိုယ် စစ်ခင်းရလိမ့်မည်။

      ကိုယ့်အကြံအစည်တွေအောင်မြင်ခဲ့ရင်   

      နွေဦးရာသီတစ်ခုတည်းမှာပဲ အနာရောဂါကင်းစွာနဲ့ တစ်သက်လုံး နွေးထွေးစွာ မင်း နေရမှာပါကွယ်။

                                                 နှင်းအံဒေါင်း

    
   

ခွေးကလေးတစ်ကောင်ကို ချစ်မိခြင်းDonde viven las historias. Descúbrelo ahora