part6

176 19 0
                                    

ဂျောင်ဝန်း မင်းသိလားသူနဲ့ငါကမတူညီတာတွေအရမ်းများတယ်။ အဲ့တာကိုငါတို့ပထမဆုံးချိန်းတွေ့ဖြစ်ကြတဲ့နေ့ကထဲကငါသတိထားမိနေတာ။
ငါတို့တစ်ယောက်ကိုတစ်ယောက်နားလည်လာဖို့အချိန်တွေလိုအပ်ဦးမယ်ထင်တယ်။ အထူးသဖြင့်သူ့ကိုပေါ့

တူညီနေတဲ့အရာနှစ်ခုကဘယ်တော့မှမဆွဲငင်နိုင်ကြဘူးတဲ့။ မတူညီတဲ့အရာတွေကသာဆွဲငင်နိုင်ကြတာ....

အခုဟျောင်းတို့အခြေအနေကလဲဒီလိုပဲလေနှစ်ယောက်သားကဆန့်ကျင်ဘက်တွေဖြစ်နေလို့သာအချင်းချင်းစိတ်ဝင်စားမိနေတာမဟုတ်လား။

အင်း....ငါမငြင်းပါဘူး။ မင်းပြောတာလဲမှန်သင့်သလောက်တော့မှန်နေတာမို့။

ဟျောင်းရာ  ရှည်ရှည်ဝေးဝေးတွေသိပ်မတွေးပါနဲ့အခုမှငယ်ငယ်လေးရှိသေးတာကို၊
လူငယ်ပီပီပျော်စရာရှိရင်ပျော်လိုက်၊ချစ်စရာရှိရင်လဲချစ်ပစ်လိုက်လို့ရတာပဲ၊ဘာလို့အဝေးကြီးကိုစဥ်းစားနေမှာလဲ၊

မင်းပြောချင်တာကိုငါသိပါတယ်။ ဒါပင်မဲ့..

ဒါပင်မဲ့တွေဘာတွေလုပ်မနေနဲ့တော့
ဟျောင်းကိုကျွန်တော်နားလည်တယ်၊ဟျောင်းရဲ့အကြောင်းကိုလဲကျွန်တော်ကအသိဆုံးပဲ၊ အခုလိုမျိုးဟျောင်းစိတ်ရှုပ်နေတဲ့ပုံစံတွေကိုလဲကျွန်တော်တကယ်မမြင်ချင်ဘူး။ အဲ့တာမို့အရမ်းမတွေးပဲပျော်ပျော်ပဲနေပါ။အချိန်တခုရောက်ရင်သူ့ဟာသူအဆင်ပြေသွားလိမ့်မယ်.....နော်

စကားပြောလိုက်ရတာဗိုက်တောင်ပြန်ဆာလာပြီ၊တူတူစားမယ်၊
ခုံမှာပဲထိုင်နေမထနဲ့ကျွန်တော်ယူလာပေးမယ်။

ကျေးဇူး....ဂျောင်ဝန်းနီးကအကောင်းဆုံးပဲ

ဟွန့် အခုမှလာပြီး---

သူ့လူနဲ့လျှောက်သွားအချိန်ဖြုန်းနေတုန်းကကျလူကိုသတိမရ၊ အခုလဲကိုယ်ကထုတ်မေးလို့သာသိရတာနောက်မို့ဆိုဘယ်ချိန်ထိများလျှို့ဝှက်ထားဦးမလဲမသိဘူး။

ရည်းစားကလဲတခါမှထားဖူးတာမဟုတ်ဘူး၊ အခုသူဖြစ်နေတဲ့ပုံကိုပဲကြည့်
ချစ်သူတွေတောင်မဖြစ်ကြသေးဘူး၊တစ်ယောက်ထဲအတွေးတွေများပြီးစိတ်ရှုပ်နေတာ၊ မသိရင်
ဟိုကပဲသူ့အသဲကိုခွဲတော့မဲ့အတိုင်း၊ ပလေးပြီးပဲချန်ထားခဲ့မှာလိုလိုတွေတွေးနေတာရည်းစားနဲ့စိတ်ကောက်ပြီးသူ့စီလာတိုင်တဲ့ကိုယ့်ထက်တောင်သူကအခြေနေဆိုးနေသေး

You've reached the end of published parts.

⏰ Last updated: Nov 19, 2023 ⏰

Add this story to your Library to get notified about new parts!

Yul-yeon 율연Where stories live. Discover now