မမလေးကို မောင်ခိုးမယ်

381 46 14
                                    

<< UNicode >>

မမလေးကို မောင်ခိုးမယ်

ဂျွန်ဂယူရဲ့ နောက်ကို ဆင်ကြီးတစ်ကောင်က သဲကြီးမဲကြီး လိုက်နေတယ်။ဂျွန်ဂယူက နောက်ကို လှည့်ကြည့်လိုက် အသားကုန် ပြေးလိုက်ဖြင့် မောဟိုက်လို့နေသည်။သို့ပေမယ့် ရပ်လိုက်လို့မဖြစ်ပေ။ဂျွန်ဂယူ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်သေးပါ။အခုမှ ရည်းစားလေးရတာ တစ်လပင်မပြည့်သေး။သူ၏ ရည်းစားလေးနှင့် ပျော်မြူးချင်သေးသည်။​သို့ပေမယ့် ကံကြမ္မာက ဂျွန်ဂယူအား မျက်နှာသာမပေးခဲ့ပါ။ ဂျွန်ဂယူဟာ ပြေးနေရင်းပင် ဘယ်ကပေါ်လာမှန်းမသိတဲ့ သစ်ငုတ်စကို ခလုတ်တိုက်ကာ လဲကျပါတော့သည်။အစကတည်းက မှီခါနီး ဆင်ကြီးဟာ နောက်ဆုံးတော့ ဂျွန်ဂယူ့ထံသို့နီးကပ်လို့လာခဲ့ပါပြီ။ဆင်ကြီးဟာ မျက်ထောင့်နီကြီးဖြင့် ဂျွန်ဂယူအား စူးစိုက်ကြည့်နေသည်။နှာမောင်းကြီးကိုဝေ့ရမ်းပြီးနောက်မှာတော့ ဆင်ကြီးရဲ့ ဘယ်ဘက်ခြေထောက်ကြီးဟာ မြောက်ကြွလာပြီး ဂျွန်ဂယူ၏ ဦးခေါင်းအား နင်းခြေလိုက်ပါတော့သည်။

ဂျွန်ဂယူ့ရဲ့ အော်သံစူးစူးနောက်မှာတော့ မျက်လုံးတွေဟာ ဆတ်ခနဲပွင့်လာခဲ့သည်။ကြောက်လန့်ခြင်း ၊မောဟိုက်ခြင်းတွေကြောင့် ဂျွန်ဂယူ့ရဲ့မျက်နှာမှာ ချွေးသီးလေးတွေရှိနေသည်။ ပထမဦးဆုံး သူ၏ဦးခေါင်းအား စမ်းကြည့်ပြီးသည့်နောက် ရှိနေသေးသည့် ဦးခေါင်းကြောင့် ဂျွန်ဂယူဘေးပတ်၀န်းကျင်ကို သေချာကြည့်ပြန်သည်။နေရောင်ထွက်ခါစဖြစ်သောကြောင့် အလင်းခပ်မှိန်မှိန်ကိုမြင်ရပြီး ထိုအလင်းရောင်ကြောင့်ပင် သူသည်တောနက်ကြီးထဲမှာမဟုတ်ပဲ သူ၏အိပ်ခန်းထဲတွင်ရှိနေခြင်းကို သိရှိလိုက်ရပြီးနောက် သက်ပြင်းချမိတော့သည်။

" အိပ်မက် မကောင်းဘူးပဲ "

မိုးလင်းနေပြီဖြစ်တာကြောင့် ဂျွန်ဂယူပြန်အိပ်မနေတော့ပဲ ရေမိုးချိုး ကိုယ်လက်သန့်စင်ကာ သွားနေကြဖြစ်တဲ့ ရွာဦး ဘုန်းကြီးကျောင်းဆီသို့ ဦးတည်ရန် ဆုံးဖြတ်ချက်ချခဲ့တော့သည်။

" ကံ အညံ့တွေပျောက်ဖို့ ဘုန်းကြီးကျောင်းမှာ ကုသိုလ်သွားယူရမယ် "

မမလေးကို မောင်ခိုးမယ် (Completed)Dove le storie prendono vita. Scoprilo ora