အချပ်ပို

155 31 0
                                    

<< UNicode >>

HARUTO POV~

မိုးတွေသည်းကြီးမဲကြီးရွာနေတဲ့ နေ့တစ်နေ့

ပါးမို့မို့လေးကထင်းနေလျှက် အသားလေးတွေကကျစ်လစ်ပြီးဖြူအုနေတဲ့ ၇နှစ်အရွယ် ကလေးလေးတစ်ယောက်က ထွက်ခွာသွားတဲ့ ကားနောက်ကို ပြေးလိုက်နေတယ်။ဖေဖေက အဲ့ကလေးလေးကိုဆွဲထားပေမယ့် ကလေးလေးက ရုန်းကာ ကားနောက်ကို ပြေးလိုက်ပြန်တယ်။မိုးရွာနေတာကြောင့် ပွက်ထနေတဲ့ ရွံ့အိုင်တွေကြား ထိုကလေးငယ်ဟာ ပစ်လဲတော့သည်။သူပြေးလိုက်နေတဲ့ကားလေးဟာလဲ အဝေးသို့ရောက်သွားကာ သဲကွဲစွာ မမြင်ရတော့ပေ။ဖေဖေက ထိုကလေးကို ပြေးပွေ့လို့ဖက်ထားပေးတယ်။ဖေဖေ့ရင်ခွင်ထဲက ထိုကလေးလေးကို ကြည့်ရင်း ရင်ဘက်ထဲက တစ်ဆစ်ဆစ်နာလာရသည်။ကလေးလေးက အရမ်းသနားဖို့ကောင်းတာပဲ။

" မေမေ သူက ဘာဖြစ်တာလဲဟင် "

"သူ့ရဲ့ မေမေက သူ့ကိုထားသွားလို့လေ "

" ဘာလို့ထားသွားတာလဲဟင် "

" မေမေပြောပြလဲ ဒီအကြောင်းရာတွေကို သားငယ်လေးသိမှာမဟုတ်ပါဘူး အဲ့က်ိုကို က သနားစရာကောင်းတာမို့ သားငယ်လေးက သူ့အပေါ်ကောင်းပေးနော် "

" ဟုတ်ကဲ့ "

မေမေက ပြုံးလို့ သူ့လက်ထဲကို ထီးလေး ထည့်ပေးတယ်။သူကလဲ ထိုထီးလေးကိုဖွင့်လို့ ထိုကလေးလေးနဲ့ ဖေဖေရှိရာသို့ သွားကာ စောင်းပေးမိသည်။ချစ်စရာကောင်းတဲ့ကလေးလေးက အငိုလွန်ပြီး ဖေဖေ့လက်ထဲမှာပဲ အိပ်ပျော်သွားခဲ့တယ်။ဖေဖေ့လက်ထဲက ကလေးလေးကိုပျော်အောင်လုပ်ပေးချင်တယ်။ကလေးလေးက အများကြီးချစ်ဖို့ကောင်းတာကြောင့်။

____________________

ဒီနေ့က ဟရူတိုကျောင်းပိတ်လို့ရွာပြန်ရမယ့်နေ့။တစ်နည်းအားဖြင့် သူစောင့်ရှောက်ပေးချင်မိသော လူရှိတဲ့ နေရာကိုဦးတည်ရမယ့်နေ့။ရွာကိုပြန်ရောက်ရောက်ချင်း ထိုလူသားဆီ အရင်ဆုံးဦးတည်မိသည်။

သူများသားအမိ ပြသနာဖြစ်နေတာကို ၀င်စပ်စုနေတဲ့ ကင်မ်ဂျွန်ဂယူဆိုတဲ့လူသားကို ဟရူတိုအနောက်ကနေကြည့်နေခဲ့သည်။အနောက်သို့ပြန်လှည့်လာတဲ့ထိုလူက မျက်နှာမှာ သွေးမရှိသည့်နှယ် ဖြူရော့လို့။စိတ်ပူသွားတာကြောင့် တစ်ခုခုအဆင်မပြေတာများရှိလားမေးဖို့အလို့ငှာ။

မမလေးကို မောင်ခိုးမယ် (Completed)Where stories live. Discover now