Ch 2

3.2K 428 90
                                    

Unicode


"မင်းကိုငါ ဒီနေရာမှာထပ်မတွေ့ချင်ဘူး ရိုင်း"

"ထပ်တူပါပဲ"

"ဆံပင်တွေညှပ်အုံး"

"တချိန်ချိန်ပေါ့"

ထောင်မှူးကိုကျောခိုင်းကာ လေပွေရိုင်း ထွက်လာခဲ့လိုက်သည်။အနောက်မှ ပိတ်လိုက်သည့် သံတံခါးပိတ်သံခပ်ကြမ်းကြမ်း ကိုလှည့်မကြည့်ဖြစ်တော့။ သံတံခါးတစ်ချပ်သာခြားသည့် ငရဲခန်း ထဲ ၃ နှစ်ကျော် ရှင်သန်နေထိုင်ခဲ့ရပြီးပြီ။ ပြန်စဥ်းစားစရာ ပုံရိပ်ဆိုးများသာရှိသည့် ထိုနေရာကို တစ်ချက်တောင်ပြန်လှည့်မကြည့်ချင်မိ။

လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ၀င်ခဲ့ရသည့် တံခါးကို ၁၄ နှစ်နေမှ ပြန်ထွက်လာနိုင်မယ် ထင်ခဲ့ပေမယ့် ၃ နှစ် ကျော်အတွင်း ပြန်ထွက်လာနိုင်ခဲ့သည်။

ခန္ဓာကိုယ်ပေါ်ရှိ ဂျင်းပန် ၊ အပြာရောင် flannel ရှပ် အဟောင်း၊ အရောင်ခပ်မှိုင်းမှိုင်းရှူးဖိနပ် ၊ အနက်ရောင်လျှာထိုးဦးထုပ် နှင့် အ၀တ် ၂ စုံခန့်ထည့်ထားသည့် ပခုံးတစ်ဖက်ပေါ်မှ  ကျောပိုးအိတ် ခပ်နွမ်းနွမ်း......ထိုအရာသည် လေပွေရိုင်းပိုင်ဆိုင်သည့် ပစ္စည်းအကုန်ပင်။

လွန်ခဲ့သည့် ၅ ရက်က ရှေ့နေဆိုသည့် ခပ်ကြောင်ကြောင်ကောင် လာတွေ့သွားပြီး အခု ထောင်မှ ထွက်ခွင့်ရခဲ့သည်။ ထွက်ခွင့်ရခဲ့သည်ဆိုသည်ထက် လူလဲခံလိုက်ရသည်ဆိုပိုမှန်၏

ဘယ်လိုလဲ ဘာကြောင့်လဲ စသည့်အကြောင်းအရင်းတို့ကိုမသိချင်...ဘ၀ကရေစုန်မမျှောချင်တောင် ရေဆန်ပြန်တက်မရသည်ကြောင့် ရေစီးအတိုင်းလိုက်သွားရုံသာ။ ရွေးချယ်စရာတော့များများစားစားမရှိ။ ကံဆိုးလျှင်သေမည် ကံကောင်းလျှင်ရှင်မည်။

တံတိုင်းပြင်ပက လေကိုရှူရှိုက်ခွင့် နှင့် ကောင်းကင်ပြာကိုလွတ်လပ်စွာမော့ကြည့်ခွင့်ကတော့ boss ဆိုတဲ့ကောင်ရဲ့ကျေးဇူးဟုပြောရမည်။ ထို့ကြောင့် boss ဆိုတဲ့ကောင်ကိုတော့တွေ့ဖူးချင်သေးသည်။

လေပွေရိုင်း ထွက်လာတည်းက ရပ်ထားသည့် ခပ်လှမ်းလှမ်းရှိ ကားအနက် ၃ စီးဆီဦးတည်လိုက်သည်။ အနားရောက်သည်နှင့် အထဲမှ ထွက်လာသည့် မျက်မှန်အနက်တပ် ခပ်တောင့်တောင့်တစ်ကောင်က နောက်ခန်းတံခါးဖွင့်ပေးလာ၏

သွေးစက်ခသော "ည"Where stories live. Discover now