Unicode Version
"ဒီတော့ ပူတူးက ဖွင့်ပြောလိုက်တာလား"
ဆူးခေါင်းညိတ်လိုက်သည်။ သက်လျာ လက်ဖျားတွေအေးစက်သွားသည်။ ဘယ်အချိန်ကများ တူမလေးက ညို့အပေါ်ကို တိမ်းညွှတ်သွားတာလဲ။
ပြီးတော့ ပူတူးဘက်က ဖွင့်ပြောတြဲအထိ ဆိုတော့။ ရှေ့ဆက် ဘယ်လိုလုပ်ကြမလဲ။ ည့်ုဘက်က အခြေအနေကို သက်လျာ သိထား ပြီးဖြစ်သည်။
တူမလေး ဘက်ကို အခုမှ သိရတာ။ ဒီတော့။
"ညို့ပြန်ရောက် နေပြီကြားတယ် တွေ့ပြီး ကြပြီလား"
ဆူးခေါင်းညိတ်သည်။
"အဲဒီတော့...."
ဆူးက မျက်လွှာလေးချပြီး လက်နှစ်ဖက်ကို အချင်းချင်းပွတ်နေကာ
"ဆူးနဲ့စကားမပြောဖြစ်သေးဘူး၊ တွေ့တယ် ဆိုရုံလေးပဲ"
သက်လျာ တခုခုတော့ စီစဉ် ရတော့မည်။ ညို့ ကိုလဲ ခေါ်ပြောရမည်။ တူမလေး မျက်နှာ မကောင်းရင် သက်လျာလဲ စိတ်မချမ်းသာပေ။
"အချင်းချင်း ဆွေးနွေးကြည့်ပါအုံး၊ သူ့ဘက်က အဖြေလဲ မပေးသေးဘူးမဟုတ်လား"
ဆူးလဲ ခေါင်းညိတ်ရင်း
"ပူတူးလဲ အဲတာစောင့်နေတာ၊ သူငြင်းမှာလား၊ လက်ခံမှာလားဆိုတာ အခုထိ မသိသေးဘူး"
သက်လျာက ခေါင်းညိတ်ပြီး
"သူမသွားခင်ကတဲက ပြောရမှာ ၊ထားပါတော့ ပူတူး အဲဒီအတွက် အရမ်းစိတ်မဆင်း ရဲပါနဲ့၊ အရမ်းလဲမမျှော်လင့်နဲ့၊ ကိုယ်ထင်သလို ဖြစ်မလာရင် ပိုခံစားရတယ်"
ဆူးကလဲ
"ပူတူးလဲ အဆိုးဆုံးအခြေအနေကိုပဲ တွေးထားပါတယ်၊ သူငြင်းလာခဲ့ချည်သော် ဆိုပြီး"
သက်လျာ သူမပုခုံးလေးကိုပုတ်ပြီး
"ကောင်းတယ်၊ တို့ရဲ့ ပူတူးက စဉ်းစားတက်ပါတယ်၊ ဆုံးဖြတ်ချက်လဲပျက်သားတယ်၊ အန်တီလေးကယုံပြီးသား"
"ဟုတ်"
ဆူး ပြုံးလိုက်သည်။ အိမ်ကိုပြောလိူ့မဖြစ်တဲ့စကားတွေဆိုရင် အန်တီလေးဆီ လာဖွင့်ပြော တက်တဲ့အကျင့်လေးက ကောင်းသည်။ ထိုမှသာဒီကလေးရဲ့ အခြေအနေကို သိရမှာ။ ပူတူးရဲ့အဖေကိုတော့ပြောထားရအုံးမည်။
YOU ARE READING
Light for You-Chapter 2 (GL)Z+U
Teen FictionChapter 2.ပါ Chapter 1 ရဲ့အဆက်။ ညို့ရစ်တမ်းနဲ့ဆူးရံပန်းတို့ရဲ့Storey လေးတပုဒ်ပါ။ အားပေးပါအုံးနော်