Mafia Wife 🔫🔫🔫(ep2)

305 21 0
                                    

မနက်၅နာရီထိုးတော့နိုးနေကျအကျင့်ရှိတာကြောင့်မာန်နိုးထလာခဲ့ပြီးရေချိုးခန်းထဲတွင်မာန့်အတွက်တမန်တော်မိန်းမပျိုများလာရောက်ပြင်ဆင်ပေးထားသောအမွှေးနံ့သာတို့နဲ့နှင်းဆီပွင့်များပြန့်ကျဲနေသောရေချိန်ကန်ကိုအကြည့်ရောက်သွားပြီးခိုက်..မာန်ကိုယ်ပေါ်မှအ၀တ်စားများတစ်ခုမကျန်လစ်ဟာသည်အထိချွတ်ချကာရေချိုးကန်ဆီသို့ရေ၀င်စိမ်လိုက်သည်။

မကြာခင်မှာပင်အပြင်စံအိမ်တော်မှအကြီးအကဲ၄ခမ်းထျန်း၏လက်ပါးစေအပျိုတော်များကရောက်လာကြကာမာန်ကိုယ်ကိုသန့်စင်ပေးကြလေသည်။

အရင်နေ့တွေကဆိုမာန်ကတစ်ယောက်ထဲသာရေချိုးလေ့ရှိသူဒီနေ့ဟာမာန်ရဲ့ကြင်ယာတော်တော်ကောက်ပွဲကြီးဖြစ်နေတာကြောင့်အကြီးအကဲများရဲ့အကြံပေးသည့်အတိုင်းမာန်လက်ခံလိုက်သည်။ရေချိုးပြီးတော့၀တ်ဆင်ရန်၀တ်စုံအားအကြီးအကဲများကတမန်တော်လုလင်ပျိုတို့အားပို့ခိုင်းလေသည်။

၀တ်စားပြင်ဆင်တော့အပျိုတော်တို့ကိုသာပြင်ဆင်စေသည်။

မနက်၇နာရီလောက်မှာတော့ကြင်ယာတော်အတွင်းစံအိမ်တော်သို့ရောက်လာခဲ့သည်။

မာန်အခန်းထဲမှာဖုန်းသုံးနေချိန်အပျိုတော်၂ယောက်ရောက်လာပြီး''ခေါင်းဆောင်ကြင်ယာတော်လောင်းရောက်လာပါပြီး''

''အင်း''

မာန်ဆိုဖာပေါ်မှထကာအခန်းပြင်သို့ထွက်လာခဲ့လေသည်။

ကြီးကျယ်ခမ်းနားလှသောစံအိမ်ကြီးကိုမှိုင်းညို့သခင်လိုက်ကြည့်နေရင်းအပေါ်ထပ်လှေကားထစ်ကနေဆင်းလာသောအရိပ်ကြောင့်ထိုဘက်ကိုအကြည့်ရောက်သွားလေသည်။

*အို!!!ချောလိုက်တာ...သူကဒီမာန်ဂိုဏ်းရဲ့အုပ်ချုပ်သူလား*

မာန့်ကိုမျက်တောင်မခတ်ငေးကြည့်နေသောမိန်းကလေးကိုတစ်ခဏသာကြည့်ပြီးအကြည့်လွှဲကာအကြီးအကဲတွေဆီကိုသွားလေသည်။

*ကြည့်စမ်းပါအုန်းငါ့ကိုချေမိုးနေတာ...*

''အကြီးအကဲတို့..ကျနော်နဲ့လက်ဆက်မယ့်မိန်းမပျိုကဘယ်သူပါလဲ..''

MAFIA WIFE (or) နတ်ဆိုးချစ်သောမိန်းမပျို (S1)Место, где живут истории. Откройте их для себя