အခန်း(၇)

1.2K 199 2
                                    

အခန်း(၇) အလုပ်များနေ

အခန်းထဲမှာ ဘာတွေဖြစ်နေတာလဲ။

ကျိုးယွမ်၏မရီးသုံးယောက်သည် အခန်းထဲတွင်ဖြစ်ပျက်နေသည်ကို သိချင်နေကြ၍ အခန်းထဲသို့ ခဏခဏ ကြည့်နေကြပြီး၊ အမေကျိုးသည် စားပွဲပေါ်ရှိ ကောင်းသည့်ပစ္စည်းအားလုံးကို သူတို့ကိုမပေးဘဲ အခန်းထဲသို့ ပြန်ယူသွားမည်ကို စိုးရိမ်နေကြလေသည်။

"ငါတို့ စားပွဲပေါ်ကအရာအားလုံးကို ဝေစုခွဲသင့်တယ်၊ ဟုတ်တယ်မလား " ကျိုးယွမ်၏ ဒုတိယမရီး ကျိုးယန်သည် စားပွဲပေါ်ရှိ ကိတ်မုန့်များ၊ သကြားလုံးများနှင့် သစ်သီးခြောက်များကို တွေးရင်း စိတ်လှုပ်ရှားနေခဲ့လေ၏။

" ဖြစ်သင့်တာပဲ၊ ယောက္ခမရဲ့သဘောအရဆို သူငါတို့ကို ပေးလိမ့်မယ် " ဤသည်မှာ ကျိုးယွမ်၏တတိယမြောက် မရီး ကျိုး၀မ်ဖြစ်လေ၏။

ကျိုးယွမ်၏မရီးသုံးယောက်တွင်၊ အကြီးဆုံးမရီး ကျိုးလီသည် သေးငယ်သော အမြတ်အစွန်းနှင့် မျက်နှာသာကို နှစ်သက်ပြီး၊ အခွင့်အရေးကို လျင်မြန်စွာ ဆုပ်ကိုင်တတ်လေသည်။ တတိယမရီးကတော့ အပေါ်ယံတွင် သီလရှိပြီး စကားသိပ်မပြောသော်လည်း၊ သူမသည် အတွေးဆုံးသူဖြစ်လေသည်။

ကျိုးယွမ်၏မရီးသည် ခေါင်းကိုဆန့်ထုတ်ပြီး၊ စားပွဲပေါ်ရှိ ပစ္စည်းများအားလုံးကို သူမပိုင်ဖို့ ဆန္ဒရှိနေလေကာ၊ သူမဟးသည် ရုတ်တရက် တစ်ခုခုကိုတွေးလိုက်မိလေ၏။ တွေးကာ " ပြောပါဦး၊ စားပွဲပေါ်က ပစ္စည်းတွေ ဘယ်က‌ ရောက်လာတာလဲ"

ကျိုးယွမ်၏မရီး၏ စကားများသည် သူတို့၏ စူးစမ်းချင်စိတ်ကို နှိုးဆွပြီး၊ အတင်းအဖျင်းပြောကြကာ၊  အိမ်ထောင်ရေးအဆိုပြုရန် တစ်ယောက်ယောက် အိမ်သို့ ရောက်လာခြင်းဟု သူတို့အားလုံးခန့်မှန်းနေကြလေ၏။

သူတို့ စကားအနည်းငယ်မပြောနိုင်ခင်၊ ကျိုးရုန်သည် အိမ်ထဲမှထွက်လာပြီး လူများကိုခေါ်လိုက်လေ၏။  သူတို့၀င်သွားလို့ရစည်နှင့်  ကျိုးယွမ်၏မရီးသုံးယောက်သည် စကားစမြည်ပြောနေသည်ကို ရပ်လိုက်ပြီး၊ ခြေတစ်လှမ်း လွတ်သွားမည်ကို စိုးရိမ်ပြီး၊ အိမ်ထဲသို့ အလျင်အမြန်ပြေးဝင်သွားကြလေ၏။

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now