UNicode

196 17 6
                                    

<< နေနိုင်သူလေး >>

" လော့လော့ "

ချန်းလော့ရှေ့ရောက်သွားတော့မှ အမောတ​ကောပြေးလာတဲ့ ဂျီဆောင်းကအသက်ကို အဝရှူရှိုက်ရတော့သည်။အရမ်းပြေးထားတာကြောင့် မောဟိုက်နေရတဲ့ ဂျီဆောင်းက နားသည်စက်နားမှာလဲ ချွေးစတို့က ကပ်ညှိလျှက်။ဂျီဆောင်းက အသက်ကိုလုရှူနေဆဲမှ ချန်းလော့ရဲ့အပြုအမူကြောင့်အသက်ရှူရပ်တန့်သွားမတက်။ဘာလို့ဆို ဂျီဆောင်း ဖွင့်ပြောခဲ့တဲ့အချိန်ကစပြီး သူ့ကိုသိပ်ပြီးဂရုမစိုက်ပြတော့တဲ့ ချန်းလော့က သူ့နားသည်စက်နားက ချွေးတွေကို လက်သီးစုပ်လေးရဲ့ဘေးစောင်းလေးနဲ့သုတ်ပေးနေခြင်းကြောင့်ပင်။

" ငါရဲ့ ဂျီဆောင်းလေးက အရမ်းမောနေတဲ့ပုံပဲ "

သွားစွယ်လေးတွေပေါ်တဲ့အထိ ပြုံးပြရင်း ပြောလာတဲ့ချန်းလော့က သူသိတဲ့ချန်းလော့မှဟုတ်ပါစ။

" ဂျီဆောင်းလေး အမောပြေအောင် စကားတစ်ခွန်းပြောပေးရမလား ? "

ခြေဖျားထောက်လို့ ဂျီဆောင်း နား နားကို ကပ်ပြောလာတဲ့ ချန်းလော့ရဲ့ အာငွေ့နွေးနွေးကို ခံစားလိုက်ရသည်။ ​ဂျီဆောင်းရဲ့ ခန္ဓာကိုယ်ကသာ ချန်းလော့အပြုအမူတွေကြောင့် ကျောက်ရုပ်တစ်ရုပ်လိုတောင့်တောင့်ကြီးဖြစ်နေခဲ့ပေမယ့် ခေါင်းကတော့ လှုပ်ရှားလို့ရသေးသည်ကြောင့် ခေါင်းညိမ့်လိုက်မိသည်။

" ပတ်ခ်ဂျီဆောင်းကို ချစ်တယ် "

ဒီစကား! ဒီစကားကို ဂျီဆောင်းစောင့်နေခဲ့တာ အတော်ကြာခဲ့ပြီ။သူ့ဘ၀ရဲ့အချိန် သုံးပုံနှစ်ပုံကို ဒီစကားကြားရဖို့အတွက် ကြိုးစားခဲ့ရခြင်းဖြစ်သည်။

ဒီခံစားချက်! အမြဲတစေ ဖမ်းဆုပ်ထားချင်မိတဲ့ အဖိုးတန်ဆုံး ဒီခံစားချက်။

မျက်နှာချင်းဆိုင်က လူသားလေးကို အမြတ်တနိုးကြည့်နေမိတာ အချိန်တော်ကြာ။ကြည့်နေရင်းမှ သူကြည့်နေတဲ့သူဟာ ချန်းလော့မဟုတ်တော့ပဲ တစ်ဖြည်းဖြည်းပြောင်းလဲသွားတယ်!

" ရား ပတ်ခ်ဂျီဆောင်း "

ဂျီဆောင်းရဲ့ပခုံးကို တစ်ယောက်ယောက်က ကိုင်လှုပ်နေတယ်။ဝေးဝါးစွာမြင်နေရတဲ့ မျက်နှာဟာနောက်ဆုံးမှာ ကြည်လင်သွားတဲ့အခါ ..

နေနိုင်သူလေး (Completed)Where stories live. Discover now