Part 30(Final)

13K 993 192
                                    

#Unicode

"Hyun Ki.... Jeon Hyun Kiပေါ့နော်"

မွေးဖွားလာတဲ့သားငယ်လေးအတွက် အရှင်နာမည်ပေးသည်က Jeon Hyun Ki ဟူ၍ဖြစ်သည် ။ထိုအမည်နာမလေးကို Taehyung ထပ်တလဲလဲ ရွတ်ဆိုနေမိသည်။

"ပညာရှိတယ် ၊ ဉာဏ်ပညာထက်မြက်တယ်၊ပြီးတော့ တော်တယ် ။ ကိုယ်တော်တို့ရဲ့သားငယ်လေးက Hyun Kiဆိုတဲ့ နာမည်လေးအတိုင်း ဖြစ်ရမယ် ။ အဲ့ဒီလိုကလေးလေးဆိုတာကိုလည်း ကိုယ်တော်ယုံကြည်တယ်"

Taehyung ကျေနပ်စွာပြုံးလိုက်မိသည်။ နာမည်လေးက ရိုးရှင်းပါ၏ ... ပြီးတော့ အတ္တကင်းသည် ။

"ဘယ်လိုလဲ... Hyun Kiဆိုတဲ့နာမည်ကို ခြူလုံးလေးသဘောကျရဲ့လား"

"ဒါပေါ့ ။ ကျွန်တော်အရမ်းပဲသဘောကျပါတယ်"

"ကလေးလေးက ခြူလုံးလေးနဲ့တူတယ် ။ Jeon Taehyung အသေးစားလေးကိုကြည့်နေရသလိုပဲ"

Taehyung အသံထွက်အောင်ရယ်လိုက်မိသည် ။ ဟုတ်ပါရဲ့ ... Hyun Ki လေးက Taehyung နှင့်ပိုပြီးတူသည် ။ အရှင်နှင့် ချွတ်စွပ်တူတဲ့ကလေးလေး မမွေးနဲ့ဆိုတဲ့အရှင့်ကြောင့် Hyun Kiလေးက အရှင်နဲ့မတူတာလားဟူ၍တောင် Taehyung တွေးလိုက်မိပါ၏ ။

"ကိုယ်တော်တော့ Hyun Kiလေးကို အများကြီးပိုချစ်ရတော့မယ်ထင်တယ် ။ Jeon Taehyung အသေးစားလေးမို့လေ"

"Aigoo....ကျွန်တော်စိတ်ပူမိသွားပြီ ။ ကျွန်တော့်ရဲ့အရှင်က Hyun Kiလေးကြောင့် ကျွန်တော့်ကိုမေ့သွားမှာ စိုးရိမ်ပါရဲ့"

Jungkook ပြုံး၍ Taehyung၏ပါးလေးနစ်ဝင်သွားတဲ့အထိနမ်းလိုက်သည် ။ ထို့နောက် Taehyung ၏မျက်နှာလေးကို ကြင်နာစွာငေးကြည့်ကာ

"ကိုယ်တော် အချစ်ဆုံးကမင်းပါJeon Taehyungရယ် "

"ကျွန်တော်က စတာပါ ။Hyun Kiက ကျွန်တော်တို့ရဲ့သားတော်လေးမို့ ကျွန်တော်တို့အနေနဲ့ အများကြီးပိုချစ်ပေးရမှာပေါ့"

ပုခက်ထဲက Hyun Kiလေးကို ပြိုင်တူကြည့်၍ ပြုံးလိုက်မိကြသည် ။
Hyun Ki လေးက သူတို့ဘဝကို ပိုပြီးစိုပြေနိုင်ဖို့အတွက် ရောက်ရှိလာခဲ့တဲ့ အဖိုးတန်လက်ဆောင်လေးသာ ။

***

"ဧကရီ့ဆီမှာ မကောင်းတဲ့အငွေ့အသက်တွေမရှိတော့ပါဘူး ဧကရာဇ်Jeon .... ပုံမှန်ပြန်ပြီးဖြစ်နေပါပြီ ။ ဧကရီက နေမြဲနေနေလို့သာ သူအကုန်သတိရနေတာကို မရိပ်မိတာပါ... တကယ်တမ်း အလုံးစုံကို ဧကရီမှတ်မိနေပါပြီ"

ဧကရာဇ်၏ ခြူလုံးလေး(Completed)Onde as histórias ganham vida. Descobre agora