( 2 ) U / Z

18.5K 857 87
                                    

U~

" 'မြူငယ်' ထတော့ "

'လွမ်း' သူ့ရင်ခွင်ထဲဝင်ကာ ခြေထောက်တွေနဲ့ပါ ခွအိပ်နေသည့် 'မြူငယ်' ကိုလှုပ်နိုးတော့ တအင်းအင်းအသံပြုကာ လူကမထ၊ ရေဘဝဲလို တွယ်ကပ်နေသည့် ခြေထောက်တွေ လက်တွေကြားကရုန်းထွက်ကာ ထထိုင်လိုက်ပြီး ရေချိုးခန်းထဲဝင်ကာ ရေနွေးစပ်လိုက်သည်။ သူရေချိုးခန်းက ထွက်လာသည်အထိ၊ မထသေးဘဲ ပြန်အိပ်နေသူအား လက်နှစ်ဖက်မှလှမ်းဆွဲကာ
ထထိုင်စေသည်။

" 'လွမ်း' ......အိပ်ချင်သေးတယ်လေ "

" ဒီ‌နေ့ ကျောင်းသွားရမှာလေ အိပ်ပုတ်ရ "

'မြူငယ်' အား ကုတင်အောက်ရောက်သည်အထိ ဆွဲထူကာ 'မြူငယ်' ၏အနောက်မှနေ၍ ပုခုံးနှစ်ဖက်အား ကိုင်ကာ ရေချိုးခန်းထဲအထိ တွန်းပို့ရသည်။ ထို့နောက် 'မြူငယ်' ၏အခန်းသို့သွားကာ
ကျောင်းဝတ်စုံကိုယူ၍ သူ့အခန်းထဲက ကုတင်ပေါ်တွင် တင်ထားပေးရသည်။ ထို့နောက် Dressing Room ထဲဝင်ကာ ကျောင်းဝတ်စုံထုတ်ယူပြီးနောက် ရေချိုးရန်အတွက် 'မြူငယ်' ၏အခန်းဆီသို့၊

တက္ကသိုလ်၌ မေဂျာပေါင်းစုံရှိသလို မေဂျာအလိုက် ကျောင်းဝတ်စုံများမှာလည်း မတူပေ၊
အင်ဂျင်နီယာဌာန၏ဝတ်စုံမှာ အတွင်း၌ တီရှပ်လက်တိုအဖြူဖြစ်ကာ အပေါ်တွင်တော့ ကော်လံပါ လက်ဘေးစင်းအဖြူနှင့် ဇစ်ဆွဲ နီညိုရောင်အကျီဖြစ်သည်။ ဘောင်းဘီကလည်း နီညိုရောင်ဒဲ့ပွဖြစ်ကာ ဘေးစင်းအဖြူနှင့်ဖြစ်သည်။ 'လွမ်း' တီရှပ်အဖြူပေါ်တွင် နီညိုရောင်အပေါ်ထပ်ကို ဇစ်ဖွင့်ဝတ်လျက် အဖြူရောင်ဆံပင်တို့အား ရှေ့တွင် ခွဲကာ ပုံသွင်းလိုက်သည်။ ထို့နောက် 'မြူငယ်' ၏ကျောပိုးလွယ်အိတ်အဖြူရောင်ထဲကို လိုအပ်သည့်စာအုပ်များထည့်ကာ ယူပြီး အိပ်ခန်းဆီသို့သွားရသည်။

အိပ်ခန်းထဲရောက်တော့ သူ့လိုပင် အပေါ်ထပ်ကိုဇစ်ဖွင့်ဝတ်ထားသည့် 'မြူငယ်' ကဆိုဖာတွင် တင်ပလင်ခွေထိုင်ကာ ဖုန်းကြည့်နေသည်။
'လွမ်း' လေမှုတ်စက်ယူကာ 'မြူငယ်' ၏အနားသို့သွား၍ ဆံပင်လေမှုတ်ပေးရသည်။

" ဆံပင်ပုံသွင်းဦးမလား "

" ဟင့်အင်း...ဒီတိုင်းပဲချသွားတော့မယ် "

You're My Beloved ( COMPLETE )Where stories live. Discover now