"Hyung !
Doyoung Hyung ကော ပြန်သွားပြီလား"
"အင်းလေ"
"အဆင်ပြေလား စာရွက်စာတမ်းတွေကော ပေးခဲ့သေးလား"
"ဟင့်အင်း ဘာမှတောင်သူမပြောလိုက်ရပါဘူး ငါပြန်ခိုင်းလိုက်တာ"
"ဘာရယ် ဘာလို့ပြန်ခိုင်းလိုက်တာလဲ"
Jaehyun ဘာမှမပြောပဲ မသိသလိုနေနေတော့ Jeno တစ်ခုခုကိုဓာတ်ပေါက်သွားသလို
"Hyung သပ်သပ်လုပ်တာမှတ်လား အမှန်တိုင်းပြောကျောင်းတုန်းကရန်ဘက်တွေမှတ်လား"
Jaehyun သူ Jeno အားသေချာကြည့်လိုက်ပြီး အင်းလေ ဒါမျိုးကဖုန်းကွယ်ထားလည်းအပိုပဲကို အဲ့တာနဲ့သူဖြစ်ရပ်အစအဆုံးကိုပြောပြပြီးသကာလJeno ၀ါးလုံးကွဲရယ်လိုက်ကာ
"ဟားဟား ဖြစ်ရမယ် အဲ့တာကြောင့်မနေ့တည်းက တစ်မျိုးပါလို့ခံစားနေရတာ ဒါနဲ့ Hyung တို့နှစ်ယောက်ကရယ်ရတယ်နော် ဘာမှလည်းမဟုတ်တာကို ဟီးဟီး ဘဲငြင်းကောင်ဆိုပဲ"
"ဟျောင့် အဲ့စကားမကြားချင်ဘူးငါကသူ့ကိုစိတ်နာရတဲ့အကြောင်းအရင်းကိုပြောပြတာ မင်းဆီကထပ်အစခံဖို့မဟုတ်ဘူး"
"မစပါဘူးသဘောကျလို့ပါ ဒါနဲ့လေ တစ်ခုသိချင်တာ ယောကျ်ားလေးအချင်းချင်းနမ်းမိတော့ ဘယ်လိုခံစားရလဲ"
"ဟျောင့် ခံစားဖို့တောင်အချိန်မရှိဘူး လူရှေ့သူရှေ့တွန်းထုတ်ခံရပါတယ်ဆိုမှ"
"ဒါပေမယ့်လည်း အဲ့တာကကြာခဲ့ပြီကို အဲ့တာကိုအငြိုးထားပြီးကလဲ့စားချေတာ မကောင်းဘူးနော် pro မဆန်ဘူး"
"ကလဲ့စားချေတာမဟုတ်ဘူး ငါ့တုန်းက ညဘက်တွေတောင်သေချာအိပ်ပျော်ခဲ့တာမဟုတ်ဘူး အဲ့တာကြီးပဲခေါင်းထဲရောက်လာပြီး ကျောင်းမှာလည်းအမြဲတမ်း အစခံနေရတာ မင်းစဥ်းစားကြည့် ယောကျ်ားအချင်းချင်း အသားယူတယ်လို့အထင်ခံရတာကတစ်မျိုး သူငယ်ချင်းတွေကစတာကတစ်မျိုး အခုကပါးပါးလေးပဲရှိသေးတယ်"
