2

430 53 18
                                    

တနင်္လာနေ့မနက်မှာ Fourthက Gemini ကို သူ့ရဲ့ Scooter ဆိုင်ကယ်လေးဖြင့် Basciiဌာနရှေ့သို့ လိုက်ပို့‌ပေးဖို့ အကြောင်းဖန်လာသည်။ ထိုအပြုအမူလေးကြောင့်လည်း တစ်ကျောင်းလုံးရဲ့သို့လောသို့လော အတွေးတွေကို တားဆီးဖို့ ခက်သွားခဲ့တာပဲ ဖြစ်သည်။

အမှန်တော့ သောကြာနေ့ညနေ လေ့ကျင့်ခန်းဆင်းပြီးတော့ မတွေ့ဖြစ်တာကြာတဲ့ Fourthနဲ့ ဓာတုဗေဒတွေ ပြန်မိကာ သူ့အဆောင်ထိ Geminiလိုက်သွားခဲ့တာဖြစ်၏။

ပိတ်ရက်နှစ်ရက်လုံး ညနက်အထိ ဗီဒီယိုဂိမ်း‌ဆော့၊ ရုပ်ရှင်ထိုင်ကြည့်၊ စားလိုက် ဆော့လိုက်နဲ့ အိမ်ပြန်ဖို့ သတိမရခဲ့။ ဒီတော့ တနင်္လာနေ့ မနက်ခင်းမှာ Fourth သူ့ကို အတန်းတက်ဖို့ ဌာနထိ လိုက်ပို့တယ်ဆိုတာ
အင်မတန် ယုတ္တိရှိတဲ့ဖြစ်ရပ်ပဲ‌လေ။

မဟုတ်တာ ဘာမှလုပ်မထားတာကြောင့် ဆိုင်ကယ်ပေါ်က ဆင်းနေတုန်း အနားကလူတွေ အားလုံးနီးပါးက ငဲ့စောင်းကြည့်ကာ မပွင့်တပွင့်ပြုံးသွားကြခြင်းရဲ့ အကြောင်းရင်းကို ရုတ်တရက်တော့ Gemini စဉ်းစားလို့ မတတ်ခဲ့။

"Ai'Fourth ... မင်း ဦးထုပ်ကြိုးက သံချေးကိုက်နေတာလား ချွတ်မရဘူး"

"လာလာ ... အဲ့ကောင်က အထာရှိတယ် .. ချွတ်နေကျလူမှ"

ချလပ် ... ချလပ် ..

Geminiကို ဆိုင်ကယ်ဦးထုပ် ချွတ်နေပေးတုန်း ဓာတ်ပုံရိုက်သွားကြတဲ့ ကောင်မလေးတချို့ကိုမြင်ပြီး Fourthက မျက်မှောင်ကြီးကြုတ်ထားမိလေသည်။

သူက ဒီလို ဓာတ်ပုံရိုက်ခံရတာကို Privacy ချိုးဖောက်ခံရတယ်လို့ ယူဆသူ။ သို့ပေမယ့် သူနဲ့ အခု တူတူရှိနေတာက Gemini ဖြစ်နေတာမို့ နားလည်ပေးရုံကလွဲပြီး ဘာမှမတတ်နိုင်။

"သွားပြီ ဟျောင့် .. ငါ့လိုက်ပို့တာ ကျေးဇူး"

Geminiက ထွက်မသွားခင်မှာ သူ့ပခုံးကို လက်တစ်ဖက်နဲ့ တင်းတင်းဖက်ကာ ညှစ်သွားသေးသည်မို့ မိန်းကလေးများက အားးး ဆိုပြီး အသံအုပ်အုပ်နဲ့ ထအော်ကြသေးသည်။

ဘာတွေဖြစ်နေပါလိမ့် ....
ဟိုကောင်ကတော့ ကြုံနေကျမို့ ထုံသွားတာလားမသိ.. မျက်နှာက တည်ငြိမ်နေချက်...

ဓာတ်ပုံပစ်တဲ့မြှားWhere stories live. Discover now