( 3 ) U / Z

16.4K 815 100
                                    

U~

'လွမ်း' ရေချိုးနေရင်း 'သုတ' ပြောသည့်စကားတို့အားပြန်‌တွေးနေမိသည်။ မလိမ်မညာဘဲ ပြောရမည်ဆိုလျှင် သူမနက်အိပ်ယာထတာနဲ့ ပထမဆုံးသတိရသည့်လူက 'မြူငယ်' ပင်၊ ဝမ်းနည်းသည်ဖြစ်စေ ပျော်ရွှင်သည်ဖြစ်စေ ပထမဆုံးသတိရမိသူက 'မြူငယ်'၊ 'မြူငယ်' ကသူ့၏ပထမဆုံးသူငယ်ချင်းဖြစ်သည်။ သူဘယ်လောက်ပဲ ဂရုမစိုက်ဘဲနေပါစေ၊ သူဘယ်လောက်ပဲခပ်တည်တည်နေပါစေ၊ သူ့အနားကနေထွက်မသွားသည့်လူပင်၊ ဝမ်းနည်းနေသည့် အချိန်တိုင်းနှစ်သိမ့်ပေးတက်သူ၊ ပျော်ရွှင်စရာရှိတိုင်း ဝေမျှကာ ပျော်ရွှင်မှုတို့အား ယူဆောင်လာပေးသူ၊ 'မင်းအနားမှာ ငါရှိတယ်လေ 'ဆိုသည့်စကားဖြင့် သူ့ဘဝထဲကအထီးကျန်မှုတွေကို ထုတ်ပေးခဲ့သူ၊ သူ့ငယ်ဘဝက အတိတ်ဆိုးတွေကိုပြောပြတိုင်း အားရပါးရအော်ငိုကာ ' မင်းအရမ်းနာခဲ့မှာပဲနော်' ဟုဆိုကာ
သူ့အစားထိုင်ငိုပေးတက်သူပင်၊

ယခုဖြစ်သည့် ကိစ္စမှာ ကိုကိုမမှားပါ၊ သူကသာလျှင်မှားခဲ့သူဖြစ်သည်။ ကိုကို့ကို အပြည့်အဝမချစ်ပေးခဲ့သည့် သူသာလျှင်မှားခဲ့သူဖြစ်သည်။

ရေချိုးအဝတ်အစားလဲပြီးသည်နှင့် 'သုတ' ဆီကိုဖုန်းခေါ်လိုက်တော့ ကိုင်သည်။

" ကိုကို "

* အင်း.. *

" ဒဏ်ရာတွေရသွားသေးလား "

* ' မြူငယ်' နဲ့ တူတူလောက်ပဲ *

" ဆေးထည့်ပြီးပြီလား "

* ဟင့်အင်း... *

" ကျစ်! ဘာလို့မထည့်တာလည်း မနက်‌ကျရင်
ယောင်နေရင် ဘယ်လိုလုပ်မလည်း ဆေးကျောင်းသားဖြစ်နေပြီးတော့ ဒါလေးတောင်မသိဘူးလား "

* ထည့်လိုက်မယ်ကွာ 'လွမ်း' မင်းစကားတအားများလာတာပဲ *

'လွမ်း' 'သုတ' နှင့်ဖုန်းပြောပြီးတော့ ညဆယ်နာရီပင်ထိုးနေပြီဖြစ်သည်။ မအိပ်ခင် 'မြူငယ်' ကိုတွေးမိသဖြင့် 'မြူငယ်' ၏အခန်းထဲကိုဝင်သွားတော့ ကုတင်ပေါ်တွင် ခေါင်းမြီးခြုံအိပ်နေသည့် 'မြူငယ်'၊ ‌ကုတင်ဘေးတွင် ဆေးတွေက ဒီတိုင်းရှိနေသည်။
ဆေးမသောက်ထားပြန်ဘူး...

" 'လွမ်း'.... "

တုန်ယင်နေသည့် အသံဖြင့်ခေါ်လာသူကြောင့်
စောင်ကိုဆွဲလှန်လိုက်တော့ လူကပုစွန်ထုတ်လိုပင်ကွေးနေကာ တစ်ဆတ်ဆတ်တုန်ယင်နေသည်။ပါးကိုကိုင်ကြည့်လိုက်တော့ ပူကျစ်နေကာ ပါးစပ်ကလည်း 'လွမ်း' ဟုဆိုကာယောင်ယမ်းနေသည်။

You're My Beloved ( COMPLETE )Where stories live. Discover now