When we feel love(Part-18)

471 67 11
                                    

ဘို့ဒူရွာတောတန်းကလေးမှာ နေဝင်တော့မည်။သည်ရွာကလေးကို ဆော့ဂျင်စရောက်လာကတည်းက အိမ်ပေါ်မှဆီးမြင်ရသော ရွာ့ရှုခင်းကိုမျှော်ကြည့်ရင်း ဘယ်လိုရွာလေးပါလိမ့်ဆိုသည့် အတွေးရောက်ဖူးသည်။ဘယ်လိုလူတွေနှင့် ထိတွေရမှာပါလိမ့်၊ကလေးတွေကိုဘယ်လိုများ ထိန်းကြောင်းပဲ့ပြင်ရမှာပါလိမ့်၊ကိုယ့်ကိုရော ဘယ်လို သဘောထားကြမှာပါလိမ့်...စသည်ဖြင့် စိတ်ကလေး ပူပန်မိခဲ့သည်။တကယ်တည်း ရွာကလေးထဲ ဘဝမြှုပ်နှံလိုက်တော့လည်း ရွာ့မေတ္တာကြောင့် အခက်အခဲမရှိ အေးမြခဲ့ရတာပါပဲ။

ဆော့ဂျင် ပြူတင်းပေါက်အားဖွင့်၍ရပ်ပြီးရွာ့အလှ၊ရွာ့သဘာဝကို မျှော်ကြည့်နေရင်းပင် နေလုံးက အနောက်ဘက် တောတန်းထဲရုတ်ခနဲဝင်သွားခဲ့ပြီ။အမှောင်ရိပ်ကလည်း ထူလာကာ ရိုးပြတ်တောကိုဖြတ်တိုက်လာသော ကွင်းလေက လတ်ဆတ်မွှေးကြူ လှပါသည်။

"ဆရာလေးရေ...ထမင်းစားမယ်ဗျို့!!"

ဟိုဘက်အိမ်မှ ဟိုဆော့၏လှမ်းခေါ်သံကြောင့် ဆော့ဂျင် ငေးနေရာမှ လန့်သွားရသည်။ဟုတ်သား...အချိန်ကိုကြည့်မိတော့မှ ညစာ စားချိန်တောင်ရောက်ပြီပဲ။ပြူတင်းပေါက် အား အမြန်ပြန်ပိတ်ကာ သည်ဘက်အိမ် ကူးလာခဲ့ရပါသည်။

"ခြောက် ခြောက် လီ ဘယ်လောက်လဲ"

"နှစ့်ဆယ့်လေး"

"ဘာ နှစ်ဆယ့်လေးလဲ သုံးဆယ့်ခြောက် မှတ်ထား...ခြောက်ခြောက်လီ သုံးဆယ့်ခြောက်လို့ ငါးခါပြန်ဆို"

"ခြောက်ခြောက်လီ သုံးဆယ့်ခြောက်
ခြောက်ခြောက်လီ သုံးဆယ့်ခြောက်
ခြောက်ခြောက်လီ သုံးဆယ့်ခြောက်
ခြောက်ခြောက်လီ သုံးဆယ့်ခြောက်
ခြောက်ခြောက်လီ သုံးဆယ့်ခြောက်"

"ဟုတ်ပြီ...ဒါဆိုနှစ်ဆယ်လီ"

"နှစ်ဆယ်"

"ခြောက် ခြောက်လီ"

"နှစ့်ဆယ့်လေး"

"ဒုတ်...!"

"အ့...!"

အခုထိခြောက် ခြောက်လီကနေမတက်သေးသော ဂျောင်ကုကို ဆော့ဂျင်စိတ်မရှည်တော့။ ခြောက်ခြောက်လီ နှစ်ဆယ့်လေးချင်အုံးဆိုပြီး ခေါင်းကိုဒုတ်ကနဲမည်အောင် ခေါက်ချပလိုက်သည်။

Love From BᴏDᴜWhere stories live. Discover now