part.4

1.3K 68 2
                                    


ကိုယ်မသိလိုက်ခင်မှာပဲ
မင်းက
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာအထိ
ချည်းနင်းဝင်ရောက်ပြီးသွားပြီ

မင်းမျက်ဝန်းတွေ မင်းအပြုံးတွေ
မင်းနှုတ်ခမ်းတွေ မင်းစကားသံတွေက
ကိုယ့်အတွေးတွေကို စိုးမိုးထားလို့

သွေးကြောထဲမှာတောင်
မင်းပဲစီးဆင်းနေခဲ့တယ်

_________________________________________

Right From The Start

"စီနီယာ "

ခေါ်သံတိုးတိုးလေးပေမယ့် ဝန်ဘင်းကကြားဖြစ်အောင်ကြားလိုက်သည်ပင် အသံလာရာဆီသူလှည့်ကြည့်လိုက်တော့ အဆောင်အဝင်က တံခါးဘေးမှာ ရပ်စောင့်နေပါသော အီချန်းယောင်း

အနက်ရောင်ရှပ်လက်တို ဂျင်းဘောင်းဘီတစ်ထည် နဲ့ ရိုးရိုးရှင်းရှင်းရှိနေတဲ့ သည်လူသားဟာ ဘာကြောင့်များ သူရင်ကိုငြိမ်းအေးစေပြီး တချိန်တည်းမှာ သူ့နှလုံးသားကိုနွေးထွေးစေနိုင်သလဲဆိုတာ ဝန်ဘင်းစဉ်းစားလို့ကိုမရပေ

"ဘယ်ကဘယ်လို မျက်စိလည်လာတာလဲ"

"အာ~ကျွန်တော်လည်းမသိလိုက်ဘူး၊ ခြေထောက်က သူ့အလိုလို ဒီကိုလျှောက်လာတာ၊ ကြည့်ရတာသူတို့ စီနီယာ့ကို လွမ်းနေလို့နေမယ်၊ စီနီယာ
ကျွန်တော့်ခြေထောက်တွေကို ပြုစားထားတယ်မလား"

ဒီကောင်လေးကတော့!

သူ့မျက်စောင်းက ချန်းယောင်းမျက်နှာဆီ ဒိုင်းခနဲ၊ သူသာပြုစားတက်ရင် ခြေထောက်ကိုပဲပြုစားခဲ့ပါ့မလား၊ အီချန်းယောင်းရဲ့ daily tasks ထဲမှာ 'ပတ်ဝန်ဘင်းကို တွေ့တိုင်းစရန်' လို့များ ရေးမှတ်ထားသလား သူ သံသယဝင်မိသည်

"ပါတီညကအတွက် တောင်းပန်ပါတယ်၊ ကျွန်တော်စီနီယာ့ကို အလုပ်ရှုပ်စေမိတယ်"

ဝန်ဘင်းမျက်စောင်းကိုမြင်တော့ စောစောက စနောက်လိုဟန်တွေကွယ်ပျောက်သွားပြီးအားတုံ့အားနာနဲ့ပြောလာသည်

သူ့မှာသာပါတီညဆိုတာကို ကြားတာနဲ့ မျက်တောင်တဖျတ်ဖျတ်ခတ်မိရင်း မလုံမလဲ အကြည့်လွှဲလိုက်ရသည်

"ဒါက မပြောပလောက်ပါဘူး အဲ့မှာတည်းက ဟိုကောင်တွေ မင်းကို အရမ်းမတိုက်ဖို့ကိုယ်တားခဲ့ရမှာ"

𝐴𝑙𝑤𝑎𝑦𝑠 𝑦𝑜𝑢Where stories live. Discover now