Part-1

21 1 0
                                    

၁၁.၇.၂၀၂၅(ည၁နာရီအချိန်တွင်)
"ဝီး..ဝီး..ဝီးဝီး!"

"ဝီးဝေါ်..ဝီးဝေါ်!.."
မြို့ပြကြီးပေါ်တွင်
အရေးပေါ်လူနာကားသံတွေ ရဲကားသံတွေဆူညံလျက်
ဘာဖြစ်နေတာလဲဆိုတာမည်သူမျှမသိ
ဆွေမျှိုးတွေတော့ရင်ကွဲလို့ငိုလို့မဆုံး
တစ်ဦးတည်းသောအကိုလည်းစိတ်နဲ့လူနဲ့မကပ်ချောမောလှသောမျက်နှာမှအားမနာ
နောင်တတွေဒေါသတွေတစ်ပုံတစ်ပင်ကြီးနဲ့အား
ရပါးရငိုနေလေရဲ့
'ထက်ဝေယံမိုး'တစ်ယောက်စိတ်မထိန်းနိုင်တော့ပါ
တစ်ဦးတည်းသောညီမလေးမှာလူ့ဘဝကိုကြာရှည်အောင်မဖြတ်သန်းရသေးဘဲနဲ့
အခုလိုဆုံးပါးရချေလေပြီ

ညီမလေးကိုသားမယားပြုခဲ့သောကောင်လေးကိုလည်းအချက်ပေါင်းများစွာထိုးခဲ့ပေမဲ့
ခံစားချက်တွေကတချက်မှမလျှော့သေးပါ
ပိုတိုးလာရုံသာရှိနေဆဲဖြစ်သည်
အဲ့ဒီကောင်လေး၏မျက်နှာကိုလည်းမုန်း၏
မျက်လုံးကိုလည်းမုန်း၏ကြည်လင်နေသောထိုမျက်လုံးများကိုဓားများဖြစ်ကလော်ထုတ်ချင်
သည်

မသိလျှင်ကိုယ့်ညီမလေးကိုသားမယားပြုတဲ့သူကသူမဟုတ်သလိုသူဘဲဖြူစင်သလိုသူဘဲမတရားခံရသလိုခံစားချက်တွေပြနေတဲ့အဲ့မျက်လုံးတွေကိုအသေမုန်းသည်
မိမိညီမလေးအဖြစ်ကိုမည်သူများသနားမည်နည်း
ယခုမှ၁၆နှစ်ဘဲနေရသေးသောညီမလေးမှာသူမသေချင်သေးဘူးဟု‌ပြောလျှင်မည်သူများသူမလေးကိုတမလွန်ကနေခေါ်လာပေးမည်နည်း
မိမိထိုးခဲ့တာမလုံလောက်ဟုခံစားနေရသေးသည်
သူများဝင်တားပေးလို့မဟုတ်လျှင်
အဲ့မုဒိန်းကောင်သေပြီဖြစ်သည်
အဲ့ကောင်အမြန်မသေအောင်ဆုတောင်းနေရပေအုံးမည်မဟုတ်လျှင်လက်စားဘယ်ချေရမှာလဲ
စိတ်ရှိလက်ရှိပြန်မလုပ်ရလျှင်ထက်ဝေယံမိုးဆိုတဲ့ငါကခွေးဘဲ
"ငါကျိန်ဆိုတယ်၊ငါဆိုတဲ့ထက်‌ေဝယံမိုးကလွန်းခတ်နွယ်ဆိုတဲ့မုဒိန်းကောင်
မင်းကိုအလျှော့ပေးခဲ့ရင်ဘယ်တော့မှမအေးချမ်းပါစေနဲ့လို့"
"ထွီး!..နာမည်သာပြောလိုက်ရတာရွံ့စရာကောင်းလွန်းတယ်"

"မိန်းကလေးလည်းဆန်သေးတယ်၊မုဒိန်းကောင်ဆိုပြီးမွေးကတည်းကနာမည်တပ်ပေးရမှာ!"
💚💚

Who is the loser?Where stories live. Discover now