( 4 ) U / Z

15.2K 816 40
                                    

U~

'မြူငယ်' အိမ်ပြန်ရောက်တော့ ရှစ်နာရီပင်ခွဲနေပြီဖြစ်သည်။ ဖုန်းဆက်ကာ အကျိူးအကြောင်းပြောပြထားသဖြင့် 'လွမ်း' ကဘာမှမပြော၊

First Kiss....

'လွမ်း' နှင့် 'မြူငယ်' အသက် 15 နှစ်တွင်ဖြစ်သည်။ ပထမဆုံးစကိတ်ဘုတ်စစီးသည့်
အဲ့ဒီနေ့... ဟန်ချက်မထိန်းနိုင်ဘဲ စကိတ်ဘုတ်ပေါ်ကချော်ကျသည့်အချိန်တွင် အလန့်တကြားနှင့် 'လွမ်း' ကိုလှမ်းဆွဲလိုက်မိသဖြင့် နှစ်ယောက်သား ထပ်ရပ်သားဖြင့် ကြမ်းပြင်ပေါ်လှဲကျသွားခြင်းဖြစ်သည်။ 'လွမ်း' ကသူ့လက်ကို 'မြူငယ်' ၏ခေါင်းအောက်တွင်ခံပေးထားကာ 'လွမ်း' နှင့် 'မြူငယ်' ၏နှုတ်ခမ်းတို့မှာ ထပ်တူကျလျက်၊
ထိုသည်က နှစ်ယောက်လုံး၏ ပထမဆုံးအနမ်း

'မြူငယ်' ကိုယ်နှုတ်ခမ်းကိုယ်ပြန်ကိုင်ကာ ငယ်ငယ်ကအကြောင်းကိုပြန်တွေးမိသွားသဖြင့် ခေါင်းကိုခါယမ်းပစ်ကာ

" ငါဘာတွေတွေးနေတာလည်း အခုနမ်းလာတာ
ကိုကိုနဲ့နော် "

'မြူငယ်' အတွေးတို့အား ရပ်တန့်ပစ်ကာ စောင်ကိုခေါင်းမြီးဆွဲခြုံလျက် အိပ်စက်လိုက်သည်။

------------

'မြူငယ်' ရေချိုးခန်းက ထွက်လာတော့ 'လွမ်း' ကသူ့အခန်းထဲကို ရောက်နေကာ ကျောင်းသွားဖို့အသင့်ဖြစ်နေပြီဖြစ်သည်။
တဘက်တထည်ကို ကိုင်ကာ အနားကိုလာခဲ့ဖို့ပြောသဖြင့် 'လွမ်း' ၏အရှေ့မှာဝင်ထိုင်လိုက်သည်။ 'လွမ်း' ကဆံပင်တို့အား ရေသုတ်ပေးသည့်အပြင် မျက်နှာကိုပါ Suncream လိမ်းပေးလာသည်။

" 'လွမ်း' "

" အင်း "

" ဒီနေ့ 'ကိုသုတ' ကိုဝင်ကြိုမှာလား "

" မကြိုဘူး ကိုကိုက နေ့လည်မှအတန်းတက်ရမှာ "

" ဟုတ်လား အဲ့တာဆို ငါမင်းကားနဲ့ လိုက်ခဲ့လို့ရလား ကားမမောင်းချင်လို့ "

" အင်း "

'လွမ်း' နဲ့ 'မြူငယ်' ကျောင်းကိုရောက်တော့ ပြိုင်ကားအနီရောင်ကို မှီကာရပ်စောင့်နေသည့် 'ခမ်း'၊
'ခမ်း' နှင့် 'လွမ်း' ၏အလယ်မှ 'မြူငယ်' ကရပ်ကာ စကိတ်ဘုတ်ဖြင့် အတန်းဆီသို့ထွက်လာခဲ့သည်။ လမ်းမှာတွေ့သမျှ လူများကလည်း သူတို့သုံးယောက်အား လည်ပြန်ပင်လှည့်ကြည့်နေကြသည်။ 'ခမ်း' နှင့် 'လွမ်း' က 'သုတ' ရဖို့ရာပဲယှဉ်ပြိုင်ရသည်မဟုတ်၊ မေဂျာ King နေရာကိုပါ
သူတို့နှစ်ယောက်ထဲက တစ်ယောက်ရမည်ဟု
လူအများကမှတ်ချက်ပေးကြသည်။ သူတို့နှစ်ယောက်ထဲက ဘယ်သူရရ တစ်ကျောင်းလုံး၏ King ဖြစ်မည်ဟုပင် ခန့်မှန်းနေကြတာဖြစ်သည်။

You're My Beloved ( COMPLETE )Where stories live. Discover now