အတိတ် ( Episode - 1 ) Uni

60 1 0
                                    

'' ဆူးနင့် နင် ငါ့ကို တစ်ခွန်းမကျန်ပြန်ပြောနေတာလား ''

'' ဟုတ်တယ် အမေကရော အကုန်မှန်ခဲ့လို့လား ''

ဧည့်ခန်းမအတွင်း ဒေါ်လိပ်ပြာနှင့် ဆူးနင့် ၏ တစ်ယောက်တစ်ခွန်း အော်သံမှာ ဆူညံ့လို့နေသည်။မည်သူမျှ ဝင်မတားရဲကြချေ။

'' သူများမိဘတွေ သူတို့သားသမီးတွေ အခြောက်လို့ခေါ်ခံရမှာဆိုးလို့ ပြုပြုင်ဆုံးမကြတယ် အမေကတော့ သားကို ဒီလိုပုံမျိုးသွင်းခဲ့ အကြောင်းသိတဲ့ သူငယ်ချင်းတွေကြားထဲ ရှက်ရတယ် ပက်ဝန်းကျင်အပေါ်ရှက်ရတယ် သိမ်ငယ်စိတ်နဲ့နေရတယ် ဒါလားအမေ ''

ဆူးနင့် ရင့်သီးစွာအော်ဟစ်ပြောဆိုနေခဲ့သည်မှာ အခြားသူများအမြင်တွင် ရိုင်းစိုင်းသည်ထင်လောက်ပေမယ့် ဆူးနင့်အကြောင်းသိသူများ အဖို့ ဆူးနင့်မမှားချေ။ ထို့နောက် ဆူးနင့်ရရှိလိုက်သည်မှာ ပြင်းအားပါလှသည့် ရိုက်ချက်တစ်ခုပင်။
ပါးပြင်ပေါ် လက်အုပ်ထားပေမယ့် အားပြင်းလှသည်မို့ အရာပင်ကျန်ခဲ့မည်သေချာသည်။

'' ဒေါ်နှောင်းရိပ်လိပ်ပြာ ရှင် သိလား ရှင်အတ္တအရမ်းကြီးခဲ့တာပဲ အဲ့အတ္တကြောင့် ကိုယ့်သားတစ်ယောက်လုံး ဘယ်လောက်နာကျင်ခဲ့မှန်း ရှင်မမြင်နိုင်ခဲ့ဘူး ''

ဆူးနင့် မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ​ပြောနေခဲ့ပေမယ့် ဒေါ်နှောင်းရိပ်လိပ်ပြာမှာတော့ ဆူးနင့်ကိုကြည့်မနေခဲ့။ဘေးတိုက်မြင်နေရသော အမေ့မျက်နှာပါ မာန်ချီနေပြီး နည်းနည်းမှ ဝမ်းနည်းမှုမမြင်ရ။ လက်သီးကျစ်​ကျစ်ပါအောင်ဆုပ်ထား၍ ဘာစကားမှဆိုမလာ။အမေက ဘယ်လိုအမေမျိုးလဲ သားကို နည်းနည်းလေးမှ မချစ်ခဲ့တာလား။

ဆူးနင့်လည်းဘာမှဆိုမလာပဲ အပေါ်သို့ ပြေးတတ်သွားခဲ့တော့သည်။ဧည့်ခန်းအဝင်ဝမှ ဆူးနင့်သို့လိုက်ကြည့်နေသော အိမ်ထိန်းနှစ်ဦးမှာ စိတ်မကောင်းဟန်

'' ဒေါ်လေးရယ် အကိုလေးဆူးနင့်က ဘာလို့မိန်းကလေးပုံဆက်နေနေရတာလဲဟင် အကိုလေးပြောလည်း ပြောချင်စရာပဲ ဘာလို့ မမကြီးက မိန်းကလေးလိုနေခိုင်းနေရတာလဲ ''

ဆူးနှင့် ရစ်နွယ် ( ဆူးနှင့် ရစ်နွယ်) Where stories live. Discover now