Traffic Light [UNICODE]

274 19 3
                                    

I know, you know, we know
We weren't meant for each other and it's fine
But if the world was ending you'd come over right?

                               JP Saxe, Julia Michaels

                     ××××××××××××××

"တကယ်လို့ မနက်ဖြန်ရင် ကမ္ဘာပျက်မယ်ဆို မင်း နောက်ဆုံးလုပ်ချင်တာက ဘာလဲ"

Perth ပေါင်ကို ခေါင်းအုံးပြီး ဂိမ်းဆော့နေတဲ့ Chimonဆီကနေ နားလည်ရမခက်ပေမယ့် ဖြေဖို့ခက်တဲ့မေးခွန်းတစ်ခု ထွက်လာသည် ။

"ဘာလို့မေးတာလဲ နမိတ်မရှိ နမာမရှိ"

"ဟာ ဒီအတိုင်းသိချင်လို့မေးကြည့်တာ ဖြေကွာ"

"အင်း...ကမ္ဘာလည်းပျက်တော့မှာ သေတော့မယ့်အချင်းတူတူ ခင်ဗျားကို တင်းကြပ်နေအောင် ကျွန်တော့်ရင်ခွင်ထဲမှာပဲ ဖက်ထားမယ်"

Perthက Chimonရဲ့ဆံပင်ကောက်ကောက်လေးကို သူ့လက်ဖြင့် ထိုးဖွကာ ဖြေသည် ။ သူ့အဖြေကြားရတော့ Chimonက ဂေါက်ခနဲထလာပြီး သူ့လက်မောင်းကို ဆတ်ခနဲရိုက်ကာ ။

"ငါက ကမ္ဘာပျက်လို့မသေပဲ မင်းဖက်လို့ အသက်ရှူကြပ်ပြီး မသာပေါ်သွားရမှာလား"

Perthက ပြုံးနေရင်းပဲ Chimonကိုကြည့်နေလိုက်သည် ။ အလစ်တိုက်မေးခွန်းဆိုပေမယ့် Perthရဲ့အဖြေကတော့ အတည်ပါပဲ ။ ကမ္ဘာပျက်ပြီး သေဖို့စောင့်နေရမယ့်လက်ကျန်အချိန်မှာတောင် Chimonကို သူ့နားရှိနေစေချင်သည် ။

"မင်း ငါနဲ့ လမ်းခွဲဖြစ်ခဲ့ရင်လည်း ငါ့ထက်ပိုချော ပိုကောင်းတဲ့သူကိုရှာနော် မင်းရည်းစားအသစ်က ငါ့ထက်မသာရင် ငါပြန်လာပြီးလုမှာ"

ဟော..ကြည့် ။ ဘာတွေအတွေးပေါက်ပြီး ပြောနေပြန်ပြီလဲမသိဘူး ။ Chimonက ထိုကဲ့သို့သောသူဖြစ်သည် ။ ဘယ်လိုအချိန် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အလစ်တိုက်မေးခွန်းတွေမေးတတ်ပြီး ဒီလိုအဓိပ္ပါယ်မရှိတဲ့စကားတွေပြောတတ်သည် ။

"ကျွန်တော် ခင်ဗျားနဲ့လမ်းခွဲဖြစ်မှာလည်းမဟုတ်လို့ ရည်းစားအသစ်လည်းရှာမှာမဟုတ်ဘူး ပြီးတော့ ခင်ဗျားက ကျွန်တော့်အတွက် အကောင်းဆုံးပဲ"

"ဒါဆို မင်း ငါ့ကိုလက်ထပ်မှာလား"

"ခင်ဗျားလက်ခံရင်ပေါ့"

~If the world was ending~Donde viven las historias. Descúbrelo ahora