Back 2 U

438 33 1
                                    

စာအုပ်ဆိုင်ကမဂ္ဂဇင်းစာအုပ်တွေနားမှာရပ်နေတဲ့ဝန်ဘင်း။ ဒီမဂ္ဂဇင်းစာအုပ်ထဲမှာတေးရေးဆရာအန်တွန်အကြောင်းပါတယ်ဆိုတာသူသိတယ်။
မဝယ်တော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့ဝယ်ဖြစ်ခဲ့ပြန်တယ်။ ဝန်ဘင်းအတွက်တော့ချန်းယောင်းကို‌မုန်းချင်ပေမဲ့အခုထိမလုပ်နိုင်သေးပါ။ သူ့အတွက်အခက်ခဲဆုံးအလုပ်ကချန်းယောင်းကိုမုန်းနိုင်ဖို့ဖြစ်မည်။

ချန်းယောင်းကိုတီဗွီအစီအစဉ်တွေမဂ္ဂဇင်းတွေမှာပါမှသာသူကသိနိုင်တော့တာ။ ချန်းယောင်းကသာအများကြီးပြောင်းလဲသွားပေမဲ့သူကတော့အရင်တိုင်းပဲဒီနေရာလေးမှာရှိနေတုန်းပင်။ မဖြစ်နိုင်မှန်းသိပေမဲ့ချန်းယောင်းကိုမေးချင်တာတွေအများကြီးရှိ‌တယ်။ ချန်ယောင်းက,ကတိမတည်ပေမဲ့ကိုယ်ကစောင့်နေတယ်‌ဆိုတာကိုသူမသိစေချင်တော့။ ဒီအတိုင်းလေးလည်းနေသားကျနေပါပြီ။

ဒီဇင်ဘာရဲ့အေးမြတဲ့ဆောင်းညမှာမဂ္ဂဇင်းစာအုပ်လေးကိုရင်ခွင်ထဲမှာပိုက်ပြီးတစ်ယောက်တည်းလျှောက်နေမိတယ်။ ရုတ်တရက်ကျလာတဲ့နှင်းစက်များကြောင့်သူဟာဒီနှစ်ဆောင်းရာသီရဲ့ပထမဆုံးနှင်းကျတာကိုကြုံလိုက်ရသည်။ နှင်းမှုန်များကိုလက်ဖြင့်ခံယူလိုက်မိရင်းတစ်စုံတစ်ယောက်ကိုနင့်နင့်သီးသီးသတိရမိလေပြီ။

အတိတ်နေ့ရက်များဆီကသူတို့နှစ်‌ယောက်အကြောင်းများဆီသို့အလည်ရောက်မိသွားသောအခါ။

နှင်းတွေကျနေတဲ့ဒီဇင်ဘာလအလယ်ညတစ်ည။ ထိုနေ့မှာလည်းပထမဆုံး‌နှင်းတွေကျနေခဲ့တယ်။

" ကိုကို "

ချန်းယောင်းရဲ့အသံအေးအေးကနားထဲမှာသာယာနာပျော်ဖွယ်ပင်။ ချန်းယောင်းကဝန်ဘင်းကိုမှီအောင်သွားလိုက်ရင်းဝန်ဘင်းရဲ့လက်ကိုသူ့ရဲ့လေဖောင်းအနွေးထည်ရဲ့အင်္ကျီအိတ်ထဲထည့်ကာထွေးဆုပ်ထားလိုက်သည်။

" ခေါ်နေတာကိုကြားလည်းပြန်မထူးဘူးနော် "

" ထူးချင်မှထူးမှာပေါ့ "

" ကောက်တာလား "

" ဘယ်မှာကောက်လို့လဲ "

" ဟွန်း.......... "

Wonton Noodle Soup Where stories live. Discover now