' Hannie ငါ leeknow ကို ကောင်မလေးတစ်ယောက်နဲ့ လျှောက်သွားနေတာ ငါမြင်လိုက်တယ် '
' အင်း '
' အင်းပဲလား Hannie မင်းဒီလိုပဲ ဆက်သွားနေတော့မှာလား '
' ငါ ဘာများပြောနိုင်မှာမို့လို့လဲ '
' ဟာ မင်း အခုလို ငြိမ်ခံနေလို ဟိုက မင်းကို လုပ်ချင်တိုင်းလုပ်နေတာ ေဘးက ကြည့်နေရငါတောင် လူသတ်ချင်စိတ်ပေါက်လာပြီနော် hannie '
ဘေးကသူငယ်ချင်းရဲ့ ဒေါသတွေစွတ်နေတဲ့ စကားသံတွေကို ကြားရဲ့သားနဲ့ မကြားချင်ယောင်ဆောင်ကာ သက်ပြင်းအရှည်ကြီးသာ ချမိခဲ့သည်။
.............
' baby ကို့ ကို စောင့်နေတာလား '
' ဟုတ် '
' အားလိမ္မာလိုက်တာကွာ အဲတာကြောင့် hyungက မင်းကိုချစ်နေရတာ..'
# ဟုတ်လို့လား hyung ရယ် မင်းငါကို တကယ်ရော်ချစ်ခဲ့လို့လား လို့ စိတ်ထဲက အကြိမ်ကြိမ်မေးနေခဲ့ပေမဲ့ လက်တွေမှာ အပြုံးတစ်ပွင့်သာ ပန်ဆင်ရင်း hyung ကို အကောင်းဆုံး ပြုံးပြလိုက်သည်။ #
' hannie hyung တို့ ဘာလုပ်ကြမလဲ ဘာစားကြမလဲ '
' hyung သဘော hyung စားချင်တာ hannie လိုက်စားမယ် '
' အာရီးဂူး hyung ကလေးလေးက လိမ္မာလိုက်တာ ဆုချမယ် မွ'
ပါးလေးတစ်ဖက်ကို လာနမ်းတဲ့hyung နှုတ်ခမ်းလေးတွေက တအား နူးညံတာပဲ အဲ့ဒါတွေကြောင့် hyung ကို လက်မလွှတ်ချင်တာ
' hyung '
' ဗျ '
နေ့လည်က သူငယ်ချင်းဖြစ်သူ hyunjin ပြောတဲ့ တွေ့လိုက်တယ်ဆိုတဲ့ ဟာကိုမေးချင်ပေမဲ့ ကိုကိုရဲ့ ပြုံးပြလာတဲ့မျက်နှာချိုချိုလေးကြောင့် မမေးရက်ခဲ့ပြန်ဘူး
' ပြောလေ Hannie '
' ဘာမှ မဟုတ်တော့ပါဘူး hannie hyung ကို အရမ်းချစ်တာ သိတယ်မလား '
' သိတယ်လေ '
' hyungရော် ကျွန်တော်ကို ချစ်တယ်မလား '
' အင်းလေ '
# hyungဟာ ကျွန်တော်အပေါ် အရမ်းသွေးအေးလွန်းလာတယ် တွဲလာခဲ့တဲ့ သက်တမ်းဟာ အခုဆို 5 နှစ်ပြည့်တော့မယ်
စစ ချင်းဖွင့်ပြောတုန်းက ချစ်တယ်ချစ်တယ် အာချောင်ထပ်အောင်ပြောလာတဲ့hyungဟာ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကနေ စပြီး အချိုးတွေပြောင်းလာခဲ့သည်။ အရင်လို သူ့အပေါ် နွေးနွေးထွေးထွေး မရှိတော့ပါ တခြားကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေတဲ့သူ သာ ဖြစ်လာခဲ့သည်။ .နှစ်ယောက်လုံးက မိဘတွေကလဲ ချမ်းသာတာကြောင့် ဘာအလုပ်မှလုပ်စရာ မလိုပါဘူး နှစ်ဖက်မိဘတွေက လဲသဘောတူထားတာကြောင့် တိုက်ခန်း တစ်ခုမှာ အတူတူနေကြသည်။ # အခုလဲ hyung က သူ့ကို ချစ်တယ်လို့ မပြောပြန်ပါ # အတွေးများစွာနဲ့ ညိုနွမ်းနေတဲ့ မျက်နှာလေးကို အရှေ့က သူက လျစ်လျူရှုနေမှန်းသူသိသည်။ #
YOU ARE READING
ချစ်မိတဲ့သူက အရှူံး ( Completed)
Short Storyမင်းကို ချစ်မိထဲက အရာရာ ဆုံးရှုံးခဲ့ပြီးသားပါ ဘာတွေများ မျှော်လင့်နေဦးမှာလဲ