My Bad Master🔞(oneshort)

1.2K 54 5
                                    

>>Unicode >>

(Warring 🚨🔞⚠️)(BDSM❗)(ကြမ်းတမ်းသောစကားလုံးတချို့ပါဝင်သည်)

ကျတော်နာမည်က Park jimin ကျတော်က light ဆိုတဲ့ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ စားပွဲထိုးတယောက် ဘားဆိုတဲ့အတိုင်းလူပေါင်းစုံ နယ်ပယ်ပေါင်းစုံကလာကြတယ် တချို့ ရေလျှံတဲ့သူတွေကို သူတိူ့သဘောကျတဲ့အလုပ်သမားတွေကို ဘောက်ဆူအနေနဲ့ပိုက်ဆံတွေ ပေးကြတယ် ကျတော်က တစ်ယောက်ကြွက် ကျတော်ဘဝရဲ့နေ့ရက်တိုင်းက ပုံမှန်လည်ပတ်နေခဲ့တယ် ဒီနေ့ ကျတော်ဘဝရဲ့ ပြောင်းလဲမှုကြီးတစ်ခုကို ရလိုက်တယ် အဲဒီပြောင်းလဲမှုက လူတစ်ယောက်ကို မတော်တဆတိုက်မိရာကနေ ဖြစ်သွားခဲ့တာ...

.........

"Jimin အခန်းနံပါတ်6ကို ဝီစကီနဲ့အမြည်းသွားပေးအုံး"

"ဟုတ်ကဲ့"

မန်နေဂျာကခိုင်းလာတာကြောင့် jimin အခန်းနံပါတ်6သို့ရောက်လာခဲ့သည် အထဲမဝင်ခင်တံခါးကိုခေါက်လိုက်သည် အထဲက ဝင်ခဲ့ဆိုတာကြောင့် jimin ဝင်သွားလိုက်သည် ထိုနောက်အမြည်းနဲ့ဝီစကီများကိုချပေးခဲ့ပြီ ထွက်လာခဲ့သည်
သူပြန်လာတဲ့လမ်းအကွေ့မှာ မတော်တဆလူတယောက်နဲ့တိုက်မိသွားသည်

"တောင်းပန်ပါတယ် ဗျ ကျတော်မမြင်လိုက်လို့ပါ"

"...."

jimin တယောက် ခါးကိုင်းညွှတ်လိုက်ရာကမော့ကြည့်လိုက်သည် ထိုအခါ စူးရှတဲ့မျက်ဝန်းတစ်စုံက သူကိုကြည့်နေတာနဲ့ ဆုံမိသွားသည် jimin ခေါင်းကိုပြန်ငုံ့ထားလိုက်သည် ရုတ်တရက်လည်း ချွေးများပျံလာသလိုပင်..

"ရတယ်"

ကြည်လင်ပြတ်သားတဲ့အသံတစ်ခုကထွက်ပေါ်လာသည်

"ဟုတ်ကဲ့"

jimin ခါးကိုင်းညွှတ်ပြီပြောပြီထိုနေရာမှ အမြန်ထွက်လာခဲ့သည်မဟုတ်ရင် သူအဲနေရာမှာပင်ပြာကျသွားနိုင်လောက်တယ် jimin မသိလိုက်တာက တဖက်လူက သူကိုကြည့်ပြီး ပြုံးလိုက်ချင်ပင်..

"ငါ့သူကိုလိုချင်တယ်"

"ဟုတ်ကဲ့ ပါ သခင်လေး"

jk ရဲ့နှုတ်ခမ်းထက်အပြုံးတို့ကခပ်ရေးရေးပေါ်လာသည်

jimin တယောက်အလုပ်ပြီးချိန်က မနက်4နာရီပင် ထိုကြောင့် သူအိမ်ကိုလမ်းလျှောက်ပြန်လာလိုက်သည် သူ့အိမ်နဲ့ဘားကသိပ်တော့မဝေး လမ်းလျှောက်ရင် မိနစ်20လောက်လျှောက်ရသည် ဒီနေ့ သူ့ပြန်လာတော့ သူနောက်ကိုတစ်ယောက်ယောက်လိုက်လာသလို့ ခံစားရသည် သူပြန်ကြည့်ချိန်မှာသူ့နောက်တွင်ဘာမှမရှိ သူစိတ်ထဲ တမျိုးဖြစ်သွားသည် သူလမ်းကိုဆက်လျှောက်ချိန်နောက်ကခြေသံ ကြားလိုက်သည် သူမြန်မြန်သွားလိုက်သည် သူ့စိတ်ထဲကတော့ကြောက်ရွံ့နေသည် အဲချိန် သူနှာခေါင်းကိုပုဝါနဲ့အုပ်ပိတ်ခြင်းခံလိုက်ရသည် သူရုန်းကန်နေလည်းမရ တဖက်လူက အားသန်နေသည် သူနောက်တော့ ရုန်းမရတော့ပဲမေ့မြောသွားသည်

You've reached the end of published parts.

⏰ Last updated: Dec 04, 2023 ⏰

Add this story to your Library to get notified about new parts!

"Jikook oneshort story💜💛"Where stories live. Discover now